Samsung ရဲ့ Galaxy J6 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလတုန်းက Galaxy A Series ဖုန်းတွေမထွက်ရှိခင်မှာ ထွက်ရှိခဲ့တဲ့ Budget ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဆိုပါ Galaxy J6 စမတ်ဖုန်းဟာ Android 8.0 Oreo နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ Samsung ကနေ Android 10 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Samsung Galaxy J6 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက Android 9 Pie Update ကို ရရှိခဲ့ပြီး ယခုတစ်နှစ်အကြာမှာ Android 10 Update ကို ရရှိလာတာလည်းဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဒီ Galaxy J6 စမတ်ဖုန်းအတွက် Android 10 Update ဟာ နောက်ဆုံးရရှိမယ့် Android Update လည်းဖြစ်လာနိုင်ပါတယ်။

အဆိုပါ Galaxy J6 အတွက် Android 10 Update Version ကတော့ J600GUBU6CTC8 လို့သိရပြီးတော့ OneUI 2.0 အပြင် March 2020 Android Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android 10 Feature တွေရဲ့ System-wide Dark Mode ၊ Navigation Gesture အသစ်တွေနဲ့ Privacy Feature အသစ်တွေလည်းပါဝင်လာမှာပါ။

လောလောဆယ်မှာတော့ Samsung Galaxy J6 ကိုမှ Model Code SM-J600G နဲ့ထွက်ရှိထားတဲ့ဖုန်းတွေအကုန်လုံး Android 10 ကို Update လုပ်နိုင်နေပြီဖြစ်ပြီး ကျန်တဲ့ Model တွေအနေနဲ့လည်း မကြာခင်မှာ Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena