Samsung ကနေ Galaxy J Series စမတ်ဖုန်းတွေထဲမှာ Infinity Display တွေကို ထည့်သွင်းလာတော့မယ်ဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကနေ အခုအချိန်မှာတော့ Infinity Display နဲ့ ပထမဆုံး J Series ဖုန်းတစ်ခုဖြစ်လာမယ့် Galaxy J6 (2018) ကို ကြေညာသွားတော့မှာပဲဖြစ်ပါတယ်။

အခု သတင်းက Samsung Galaxy J6 (2018) စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံမှာ အရင်ဆုံးရရှိလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Galaxy J6 (2018) ရဲ့ အချက်အလက်အချို့ကိုလည်း တွေ့လာခဲ့ရပါတယ်။

Samsung Galaxy J6 (2018) စမတ်ဖုန်းက 5.6″ အရွယ် 18.5:9 Ratio Display ကို HD+ Resolution တောင် ရှိမှာဖြစ်ပြီးတော့ Processor အနေနဲ့ Exynos 7870 Processor ကို RAM 3GB ဒါမှမဟုတ် RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Storage ကလည်း 32GB ဒါမှမဟုတ် 64GB ပါဝင်လာမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Back Camera ကို 13MP နဲ့ အတူ 8MP Front Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Battery ကလည်း 3000mAh Battery ပါဝင်လာမှာပါ။

အခု Samsung Galaxy J6 (2018) ရဲ့ အားသာချက်ဖြစ်လာနိုင်တဲ့အချက်ကတော့ ဈေးနှုန်းဖြစ်နိုင်ပြီးတော့ ဒေါ်လာ ၂၀၀ ပဲရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Samsung ဖုန်းတွေထဲမှာ တော်တော်ကို ဈေးသက်သာတယ်လို့ ပြောလို့ရပါတယ်။