လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကပဲ Samsung ရဲ့ Galaxy M01 နဲ့ M11 တို့ရဲ့ အချက်အလက်တွေအကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ ဒီ စမတ်ဖုန်းနှစ်မျိုးဟာ အိန္ဒိယဈေးကွက်ထဲကို လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ဆင်းသက်တော့မယ်ဆိုတဲ့အကြောင်း သတင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။

တရားဝင်ထွက်ပေါ်ဖို့ ရက်ပိုင်းပဲလိုတော့ချိန်ဖြစ်တဲ့အတွက် ဒီစမတ်ဖုန်းတွေရဲ့ အချက်အလက်တွေကိုတော့ အပြည့်အစုံမဟုတ်ပေမယ့် အနည်းငယ်ပိုပြီး သိလာရပါပြီ။ ဖြန့်ချိမယ်အချိန်က မျှော်လင့်ထားသလို မဟုတ်ခဲ့ပေမယ့် စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေကတော့ မျှော်လင့်ထားတာနဲ့ အတော်လေးကို နီးစပ်ပါတယ်။

Galaxy M11 ကလည်း ဘက်ဂျက်ဖုန်းတစ်လုံးပဲဖြစ်တာကြောင့် အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ 6.4-inch မျက်နှာပြင်ဟာ 720x1560P ဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ 8MP Selfie ကင်မရာတစ်လုံးကို တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးပါဝင်မှာဖြစ်ပြီး 13MP အဓိကကင်မရာကို 5MP ultrawide နဲ့ 2MP depth sensor တို့က ဝန်းရံပေးထားမှာ ဖြစ်ပါတယ်။

Google Play Console အရ Snapdragon 450 SoC ကို အသုံးပြုထားကြောင်းသိရပြီး RAM ကတော့ 3GB နဲ့ 4GB ဆိုပြီး နှစ်မျိုး ရှိပါလိမ့်မယ်။ အလားတူပဲ သိုလှောင်မှုပမာဏကလည်း 32GB နဲ့ 64GB ဆိုပြီး နှစ်မျိုး ရှိပါလိမ့်မယ်။ 5,000mAh ဘက်ထရီကို အသုံးပြုထားပြီး USB-C နဲ့အတူ 15W အားသွင်းစနစ်ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Galaxy M01 ရဲ့ အချက်အလက်တွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ 5.71-inch မျက်နှာပြင်မှာ Snapdragon 439 Chipset ကို အသုံးပြုထားမယ်လို့ပဲ သိရပါတယ်။ 3GB of RAM နဲ့ 32GB Storage အမျိုးအစား တစ်မျိုးပဲရှိတယ်လို့ သိရပါတယ်။ 4,000mAh ဘက်ထရီကို တပ်ဆင်ပေးထားပေမယ့် အားသွင်းစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တော့ မသိရသေးပါဘူး။

Galaxy M01 ဟာ ကျောဘက်ကင်မရာ နှစ်လုံးပဲ တပ်ဆင်ထားတာပါ။ အဓိက ကင်မရာက 13MP ဖြစ်ပြီး တွဲဖက်ကင်မရာက 2MP ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ ောတ့ Waterdrop notch နဲ့အတူ 5MP Selfie ကင်မရာ တစ်လုံးကို တပ်ဆင်ပေးထားပါတယ်။

Ref: GSM Arena