Samsung ဟာ လွန်ခဲ့တဲ့ ၂၀၁၉ နှစ်လယ်ပိုင်းလောက်ကစပြီး Galaxy A နဲ့ Galaxy M စီးရီးတွေကို စတင် ခဲ့တာပါ။ Mid-range လိုင်းထဲမှာတော့ ဒီစီးရီးနှစ်မျိုးစလုံး အောင်မြင်မှုရခဲ့ကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ နောက်ထပ် Android Go entry-level စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

ထွက်လာတဲ့အချက်အလက်တွေအရဆိုရင် ဒီဟန်းဆက်ဟာ Galaxy M01 Core လို့ သိရပါတယ်။ ဒါပေမယ့် အသစ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟန်းဆက်ရဲ့ အဓိကအစိတ်အပိုင်းတွေဟာ Galaxy A01 Core ပုံစံမျိုး ဖြစ်နေလို့ပါပဲ။ တနည်းအားဖြင့် Galaxy a01 နဲ့ နာမည်ချင်းမတူတာပဲ ရှိတယ်လို့ ဆိုရမှာပါ။

Galaxy M01 Core ဟာ မတူညီတဲ့ဈေးကွက်အတွက် မတူညီတဲ့နာမည်တစ်ခုပဲလို့ ဆိုနိုင်ပါတယ်။ Google ရဲ့ Database အရ မော်ဒယ်နံပါတ် SM-M013F နဲ့တွေ့ရပါတယ်။ ဒါ့အပြင် Galaxy A01 ကို နာမည်ပြေားထားတာလို့လည်း အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုထိ တရားဝင်ထုတ်ပြန်တာ ဘာတစ်ခုမှမရှိသေးတာကြောင့် ပထမဆုံး တရားဝင်ဖြစ်မယ့် အချိန်ကိုပဲ စောင့်ဆိုင်းရမှာပါ။

Specs တွေအကြောင်းပြောရင်တော့ 5.14-inch TFT မျက်နှာပြင်နဲ့ဖြစ်ပြီး အပေါ်နဲ့ အောက်ဘက် Bezel တွေကတော့ သမားရိုးကျစမတ်ဖုန်းတွေအတိုင်း ခပ်ထူထူ ဖြစ်ပါလိမ့်မယ်။ MediaTek MT6739WW chipset ကို 1GB of RAM နဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ အစောပိုင်းပေါက်ကြားခဲ့တဲ့ ပုံတွေအရဆိုရင်တော့ ကျောဘက်မှာ ကင်မရာတစ်လုံးပါဝင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $100 ဝန်းကျင် (၁ သိန်း ၄ သောင်းဝန်းကျင်) သာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena