SamMobile က  Samsung Galaxy M01 ဖုန်း ထွက်လာမယ်ဆိုတာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ပြောခဲ့ပြီး Geekbench က စာရင်းအရ စွမ်းရည်နိမ့် Qualcomm Chipset , 3GB RAM နဲ့ Android 10  မောင်းနှင်ထားမယ်လို့ သိရပါတယ်။ Chipset နာမည်ကို မသိရသေးပေမယ့် Octa-core Chipset ဖြစ်မယ်လို့ ပြောကြပါတယ်။ Snapdragon 439 ဖြစ်နိုင်ပါတယ်။

မကြာခင်ကပဲ Galaxy M01 ကို WiFi Alliance မှာ မှတ်ပုံတင်ထားပြီး WiFi b/g/n ထောက်ပံ့ထားမယ်လို့ စာရင်းသွင်းထားပါတယ်။ အဲဒီမှာလည်း Android 10 Software မောင်းနှင်ထားမယ်ဆိုတာ အတည်ပြုထားပါတယ်။ မော်ဒယ်နံပါတ်က SM-M015G/DS ဖြစ်ပြီး Dual SIM ထောက်ပံ့ထားမှာပါ။

SamMobile က Galaxy M01 ဟာ Galaxy A01 ရဲ့ မော်ဒယ် ၁ ခု ဖြစ်နိုင်ပြီး အိန္ဒိယ၊ ရုရှား၊ သီရိလင်္ကာနဲ့ နီပေါ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရောင်းချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ Galaxy M01 ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် WiFi Alliance မှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena