အခုလအစောပိုင်းကမှ Galaxy M01 ကို မိတ်ဆက်ထားတဲ့ Samsung ဟာ မိသားစုဝင်အသစ် Galaxy M01s ကိုပါ မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။

Samsung Galaxy M01s ဖုန်းဟာ Wi-Fi Alliance နဲ့ BIS အတည်ပြုချက်တွေ ရယူခဲ့ပြီးသားဖြစ်ကာ ယနေ့မှာ TUV Rheinland အတည်ပြုချက်ကိုပါ ထပ်မံရယူခဲ့ရာမှာ 3,900 mAh ဘက္ထရီပါဝင်တာကို တွေ့ခဲ့ရပါတယ်။


TUV Rheinland ဝက်ဆိုက်မှာ Galaxy M01s ရဲ့ အခြားအချက်အလက်တွေကို မဖော်ပြခဲ့ပေမယ့် ဒီဖုန်းဟာ မေလတုန်းက Geekbench ပေါ်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့မှာ Helio P22 ချစ်ပ်ဆက်၊ 3GB RAM မန်မိုရီနဲ့ ထူးထူးခြားခြား Android Pie တို့ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။

Galaxy M01 မှာ Android 10 OS ကို အသုံးပြုထားတာကြောင့် Galaxy M01s လည်း ထွက်ရှိချိန်မှာ Android 10 ကိုပြောင်းလဲထားဖို့ မျှော်လင့်ရပါတယ်။ M01s ဟာ Geekbench ပေါ်ရောက်ပြီးတဲ့အပြင် အတည်ပြုချက်အများအပြားရယူပြီး ဖြစ်တာကြောင့် မကြာခင်ရက်ပိုင်းမှာ တရားဝင်ထုတ်ပြန်မှုတစ်ခုခု တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSMArena