Samsung Galaxy M01s ဟာ Galaxy A10s ကို နာမည်ပြောင်းထားတာလားဆိုတဲ့ မေးခွန်းက အခုအချိန်မှာတော့ အဖြေသိရပါပြီ။ အိန္ဒိယဈေးကွက်မှာဖြန့်ဖို့ တကယ်ပဲ နာမည်ပြောင်းလိုက်တာပါ။ တရားဝင်ဝက်ဘ်ဆိုက်မှာ ဒီဟန်းဆက်ရဲ့ Support page ကိုလည်း လွှင့်တင်ပြီးသွားပြီ ဖြစ်ပါတယ်။

ဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်ဟာ SM-M017F/DS ဖြစ်ပြီး 3GB of RAM နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ကွင်းစကွင်းပိတ်နဲ့ဖော်ပြထားတာကြောင့် မန်မိုရီဟာ နောက်ထပ်အမျိုးအစား ရှိနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကောလာဟလတွေကို အခြေခံပြီးပြောရရင်တော့ 2GB of RAM လည်း ဖြစ်နိုင်ပါတယ်။

အခြား Specs အချို့ကလည်း Galaxy A10s နဲ့ အတူတူပါပဲ။ MediaTek ရဲ့ Helio P22 chipset ကို အသုံးပြုထားပြီး HD+ display နဲ့ဒီစမတ်ဖုန်းဟာ Android 10 မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ အကယ်၍သာ Galaxy A10s ကို နာမည်ပြောင်းပြီး ဈေးကွက်ပြောင်း ဖြန့်ရိုးမှန်ရင် ကျန်တဲ့အချက်လက်တွေလည်း တူညီမှာဖြစ်ပါတယ်။

6.2-inch TFT display မှာ 8MP selfie ကင်မရာတစ်လုံးတပ်ဆင်ထားမှာဖြစ်ပြီး၊ ကျောဘက်မှာတော့ 13MP + 2MP ကင်မရာနှစ်လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ $133 (၁ သိန်း ၈ သောင်း) ဝန်းကျင်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena