Samsung က တန်ဖိုးနည်း M Series ဖုန်း အသစ် Galaxy M02s ကို အိန္ဒိယမှာ ၇ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ အခုတော့ အိန္ဒိယ မတိုင်ခင် နီပေါမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီ ဖုန်းမှာ ၆.၅ လက်မ HD+ IPS LCD 1520x720p မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါတဲ့ Infinity-V ဒီဇိုင်းလို့ Samsung က ပြောပါတယ်။ Octa-core Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။

Samsung Galaxy M02s With Snapdragon 450 SoC Goes Official In Nepal Before India - Gizbot News

4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး 512GB အထိဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 13MP Main , 2MP Depth နဲ့ 2MP Macro ၃ လုံးပါလာပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။

Samsung Galaxy M02s Scheduled to Launch on January 7, Priced Under Rs. 10,000 | Technology News

Android 10 အခြေပြု OneUI Software မောင်းနှင်ထားပြီး 15W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီက တန်ဖိုးနည်း ဖုန်းအတွက် တော်တော် မိုက်ပါတယ်။

Samsung Galaxy M02s ကို နီပေါမှာ ၁၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၈ သောင်းလောက်ပဲ ကျသင့်ပါတယ်။ အရောင်အနေနဲ့ အပြာ၊ အနက်နဲ့ အနီရောင်တွေ ရွေးချယ်နိုင်ပြီး အိန္ဒိယမှာလည်း အဲဒီ ဈေးနှုန်းလောက်နဲ့ ရောင်းချနိုင်ပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina