Samsung ရဲ့ Galaxy M Series စမတ်ဖုန်းတွေဟာ India လိုမျိုး စျေးကွက်မှာအောင်မြင်မှုရရှိနေတဲ့စမတ်ဖုန်းတွေဖြစ်သလို မြန်မာနိုင်ငံစျေးကွက်ကိုလည်း စတင်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ အခုလည်း Samsung ကနေ India စျေးကွက်အတွက် စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Galaxy M02s စမတ်ဖုန်းကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ Galaxy M02s စမတ်ဖုန်းဟာ Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 450 Chipset ကို အသုံးပြုထားပြီး RAM 3GB + 32GB နဲ့ RAM 4GB + 64GB Version တွေရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ချင်သူတွေအတွက်လည်း MicroSD Card ကနေ တစ်ဆင့် 1TB Storage အထိ တိုးချဲ့နိုင်မှာပါ။

Display အနေနဲ့ကတော့ 6.5″ HD+ LCD Display ကိုမှ 5MP Selfie Camera ကို Infinity-V Notch Design အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ဖက် Camera Setup အနေနဲ့ကတော့ 13MP Primary Sensor အပြင် 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်မယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတေ့ာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် 15W Fast Charging ကို Support ပေးမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ OneUI ကိုပဲ အသုံးပြုလာမှာပါ။

Galaxy M02s ဖုန်းဟာ Red ၊ Black နဲ့ Blue ဆိုပြီး အရောင် ၃ ရောင်မိတ်ဆက်လာမှာဖြစ်ပြီး စျေးနှုန်းကတော့ INR8,999 (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ကနေ စတင်မှာဖြစ်တဲ့အတွက် Budget ဖုန်းတစ်လုံးအနေနဲ့ မဆိုးဘူးလို့ပြောနိုင်ပါတယ်။

Ref – GSM Arena