Samsung က Galaxy M04 ကို ကြေညာလိုက်ပြီး Helio P35 SoC မောင်းနှင်ထားပါတယ်။ 64GB နဲ့ 128GB Storage တွေ ထုတ်လုပ်ထားပြီး 4GB RAM ပါလာကာ RAM Plus လုပ်ဆောင်ချက်ကနေ 8GB Virtual RAM အထိ တိုးမြှင့်နိုင်ပါတယ်။

Samsung Galaxy M04 unveiled: Helio P35 SoC and 5,000 mAh battery

Samsung Galaxy M04 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင်တပ်ဆင်ထားပြီး Android 12 မောင်းနှင်ထားပါတယ်။ Samsung က Security Update ကို ၄ နှစ်နဲ့ အဓိက OS Update ၂ ကြိမ်ပေးမယ်လို့ ပြောပါတယ်။

Samsung Galaxy M04 unveiled: Helio P35 SoC and 5,000 mAh battery

အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 15W Charging ထောက်ပံ့ထားပါတယ်။ ဘူးထဲမှာ Charger ပါပေမယ့် အားသွင်းနှုန်းကို မသိရသေးပါဘူး။

Samsung Galaxy M04 unveiled: Helio P35 SoC and 5,000 mAh battery

Samsung Galaxy M04 အတွက် Sea Glass နဲ့ Shadow Blue ၂ ရောင် ထုတ်လုပ်ထားပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ အိန္ဒိယမှာ Samsung တရားဝင် အိန္ဒိယ ဝက်ဘ်ဆိုက်၊ Amazon.in နဲ့ စတိုးတွေကနေ ရောင်းမှာပါ။ 4GB/128GB ကို ၁၀၅ ဒေါ်လာနဲ့ 6GB/128GB ကို ၁၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena