[Zawgyi]

Samsung Galaxy M10 နဲ႔ M20 တို႔ဟာ ဇန္နဝါရီ ၂၈ ရက္ေန႔မွာ မိတ္ဆက္မယ့္ ဖုန္းေတြျဖစ္ပါတယ္။ M20 ဟာ One UI သစ္သုံးလို႔ရမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ စတင္ၿပီး ျဖန္႔ခ်ီခ်ိန္မွာေတာ့ Android 8.1 Oreo ပဲ Run မွာ ျဖစ္ပါတယ္။ သုံးစြဲသူေတြအေနနဲ႔ Pie Update ကို ေစာင့္ေမွ်ာ္ရမွာပါ။

Samsung က လႊင့္တင္ထားတဲ့ Pie Update အစီအစဥ္မွာေတြ႕ရတာကေတာ့ Galaxy M10 နဲ႔ M20 အသုံးျပဳသူေတြအေနနဲ႔ Update အတြက္ လအေတာ္ၾကာ ေစာင့္ဆိုင္းရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ M Series ေတြအတြက္ Update ေပးခ်ိန္က ျဖန္႔ခ်ီၿပီး ၇ လအၾကာမွာမွ ျဖစ္လို႔ပါပဲ။

ၿပီးခဲ့တဲ့တစ္ပတ္တုန္းက Samsung ရဲ႕ မွားယြင္းမႈကေနတစ္ဆင့္ Galaxy M10 နဲ႔ M20 ရဲ႕ အခ်က္အလက္ေတြက ေပါက္ၾကားသြားခဲ့ပါတယ္။ Exynos 7872 chipset သုံးထားၿပီး 2/3GB RAM နဲ႔ M10 ဟာ အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းေနပါတယ္။ အလားတူပဲ M20 ကလည္း Exynos 7885 chipset သုံးထားၿပီး 3/4GB RAM ကို 32/64 GB storage နဲ႔ဆိုေတာ့ ပိုၿပီးေတာ့ စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

ဒီဖုန္းေတြရဲ႕ (အတည္မျပဳရေသးတဲ့) ေဈးႏႈန္းေတြကေတာ့ M10 ဟာ အိႏၵိယ႐ူပီး ၁ ေသာင္း ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ (၂ သိန္း ၂ ေသာင္းဝန္းက်င္) ပဲ ရွိပါတယ္။ M20 ရဲ႕ ေဈးႏႈန္းက အိႏၵိယ႐ူပီး ၁ ေသာင္း ၅ ေထာင္ ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ (၃ သိန္း ၃ ေသာင္းဝန္းက်င္) ပဲ ရွိမွာ ျဖစ္ပါတယ္။ ဒီေဈးနဲ႔ ဒီလိုဖုန္းေတြအတြက္ Android 9 Pie ရဖို႔ ၇ လေလာက္ေစာင့္ရမယ္ဆိုလည္း ေစာင့္ေပ်ာ္တယ္လို႔ပဲ ဆိုရေတာ့မွာပါ။

Ref: GSMArena

[Unicode]

သြဂုတ်လမှ Android 9 Pie ရမယ့် Samsung Galaxy M10 နဲ့ M20

Samsung Galaxy M10 နဲ့ M20 တို့ဟာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ မိတ်ဆက်မယ့် ဖုန်းတွေဖြစ်ပါတယ်။ M20 ဟာ One UI သစ်သုံးလို့ရမယ်လို့ သတင်းထွက်ခဲ့ပေမယ့် စတင်ပြီး ဖြန့်ချီချိန်မှာတော့ Android 8.1 Oreo ပဲ Run မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Pie Update ကို စောင့်မျှော်ရမှာပါ။

Samsung က လွှင့်တင်ထားတဲ့ Pie Update အစီအစဉ်မှာတွေ့ရတာကတော့ Galaxy M10 နဲ့ M20 အသုံးပြုသူတွေအနေနဲ့ Update အတွက် လအတော်ကြာ စောင့်ဆိုင်းရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ M Series တွေအတွက် Update ပေးချိန်က ဖြန့်ချီပြီး ၇ လအကြာမှာမှ ဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့တစ်ပတ်တုန်းက Samsung ရဲ့ မှားယွင်းမှုကနေတစ်ဆင့် Galaxy M10 နဲ့ M20 ရဲ့ အချက်အလက်တွေက ပေါက်ကြားသွားခဲ့ပါတယ်။ Exynos 7872 chipset သုံးထားပြီး 2/3GB RAM နဲ့ M10 ဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။ အလားတူပဲ M20 ကလည်း Exynos 7885 chipset သုံးထားပြီး 3/4GB RAM ကို 32/64 GB storage နဲ့ဆိုတော့ ပိုပြီးတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဒီဖုန်းတွေရဲ့ (အတည်မပြုရသေးတဲ့) ဈေးနှုန်းတွေကတော့ M10 ဟာ အိန္ဒိယရူပီး ၁ သောင်း ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် (၂ သိန်း ၂ သောင်းဝန်းကျင်) ပဲ ရှိပါတယ်။ M20 ရဲ့ ဈေးနှုန်းက အိန္ဒိယရူပီး ၁ သောင်း ၅ ထောင် ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် (၃ သိန်း ၃ သောင်းဝန်းကျင်) ပဲ ရှိမှာ ဖြစ်ပါတယ်။ ဒီဈေးနဲ့ ဒီလိုဖုန်းတွေအတွက် Android 9 Pie ရဖို့ ၇ လလောက်စောင့်ရမယ်ဆိုလည်း စောင့်ပျော်တယ်လို့ပဲ ဆိုရတော့မှာပါ။

Ref: GSMArena