[Zawgyi]

ဆမ္ေဆာင္းရဲ႕ ထုတ္ကုန္စီးရီးသစ္ Galaxy M မိသားစုဝင္ေတြအတြက္ သတင္းထြက္ေနတာေတာ့ ၾကာပါၿပီ။ အခုေတာ့ သူတုိ႔ထဲကတစ္ခုျဖစ္တဲ့ Galaxy M10 ဖုန္းဟာ ေစ်းကြက္ထဲ ေရာက္လာေတာ့မွာျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံမွ ဆမ္ေဆာင္းဌာနခြဲရဲ႕ ဝက္ဆုိက္မွာ ေမာ္ဒယ္နံပါတ္ SM-M105F/DS (Galaxy M10 ရဲ႕ Global / Dual-SIM ဗားရွင္းဟန္းဆက္) အတြက္ စာမ်က္ႏွာတစ္ခုကို စတင္ထည့္သြင္းလာခဲ့လို႔ပါ။

အဆုိပါအင္တာနက္စာမ်က္ႏွာမွာ ဖုန္းရဲ႕အခ်က္အလက္ေတြ မထည့္သြင္းရေသးေပမယ့္ အေစာပိုင္း FCC စာရင္းေၾကာင့္ ဖုန္းအသစ္မွာ 6” လက္မအရြယ္ Display နဲ႔အတူ 3,400 mAh ဘကၳရီ၊ Exynos 7870 ခ်စ္ပ္ဆက္ တုိ႔ပါဝင္လာမွာကို ႀကိဳသိထားရပါတယ္။ မန္မိုရီပုိင္းက 3GB RAM ကို 16 သုိ႔မဟုတ္ 32GB Storage ပမာဏနဲ႔ တြဲဖက္လာမွာပါ။ အဓိကေနာက္ကင္မရာက 13MP ျဖစ္ၿပီး ဆယ္ဖီကင္မရာက 5MP ပါ။

ထုတ္ကုန္လုိင္းအသစ္ဟာ ယခင္ Low-end တန္းဝင္ Galaxy J စီးရီးနဲ႔ Mid-range တန္း Galaxy A စီးရီး ၾကားထဲက စီးရီးအသစ္အေနနဲ႔ ထုတ္လုပ္လာမွာ ျဖစ္ပါတယ္။ ဒီလိုေစ်းႏႈန္းသိပ္မျမင့္တဲ့ ဖုန္းေတြ လူႀကိဳက္မ်ားတဲ့ အာရွ – ပစိဖိတ္ေဒသ ေစ်းကြက္ကို ဦးတည္လာမွာပါ။

Ref – GSM Arena

[Unicode]

ဆမ်ဆောင်းရဲ့ ထုတ်ကုန်စီးရီးသစ် Galaxy M မိသားစုဝင်တွေအတွက် သတင်းထွက်နေတာတော့ ကြာပါပြီ။ အခုတော့ သူတို့ထဲကတစ်ခုဖြစ်တဲ့ Galaxy M10 ဖုန်းဟာ ဈေးကွက်ထဲ ရောက်လာတော့မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ဆမ်ဆောင်းဌာနခွဲရဲ့ ဝက်ဆိုက်မှာ မော်ဒယ်နံပါတ် SM-M105F/DS (Galaxy M10 ရဲ့ Global / Dual-SIM ဗားရှင်းဟန်းဆက်) အတွက် စာမျက်နှာတစ်ခုကို စတင်ထည့်သွင်းလာခဲ့လို့ပါ။

အဆိုပါအင်တာနက်စာမျက်နှာမှာ ဖုန်းရဲ့အချက်အလက်တွေ မထည့်သွင်းရသေးပေမယ့် အစောပိုင်း FCC စာရင်းကြောင့် ဖုန်းအသစ်မှာ 6” လက်မအရွယ် Display နဲ့အတူ 3,400 mAh ဘက္ထရီ၊ Exynos 7870 ချစ်ပ်ဆက် တို့ပါဝင်လာမှာကို ကြိုသိထားရပါတယ်။ မန်မိုရီပိုင်းက 3GB RAM ကို 16 သို့မဟုတ် 32GB Storage ပမာဏနဲ့ တွဲဖက်လာမှာပါ။ အဓိကနောက်ကင်မရာက 13MP ဖြစ်ပြီး ဆယ်ဖီကင်မရာက 5MP ပါ။

ထုတ်ကုန်လိုင်းအသစ်ဟာ ယခင် Low-end တန်းဝင် Galaxy J စီးရီးနဲ့ Mid-range တန်း Galaxy A စီးရီး ကြားထဲက စီးရီးအသစ်အနေနဲ့ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းသိပ်မမြင့်တဲ့ ဖုန်းတွေ လူကြိုက်များတဲ့ အာရှ – ပစိဖိတ်ဒေသ ဈေးကွက်ကို ဦးတည်လာမှာပါ။

Ref – GSM Arena