[Zawgyi]

Samsung ဟာ Galaxy M series ထဲမွာေနာက္ထပ္ မိသားစုဝင္သစ္အျဖစ္ Galaxy M10s ကို အိႏၵိယေဈးကြက္ထဲမွာ ျဖန႔္ခ်ိဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ Galaxy M10s ဟာ အားလုံးသိထားတဲ့အတိုင္း ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ျဖန႔္ခ်ိခဲ့တဲ့ Galaxy M10 ကို အဆင့္ျမႇင့္္တင္ထားတဲ့ အမ်ိဳးအစားလည္း ျဖစ္ပါတယ္။

Galaxy M 10s ရဲ႕ Teaser ေတြဟာ လြန္ခဲ့တဲ့ရက္ပိုင္းကတည္းက ထြက္ေပၚေနခဲ့ၿပီ ျဖစ္ေပမယ့္ Specs ေတြကေတာ့ အခုမွ ထပ္မံေပါက္ၾကားလာတာ ျဖစ္ပါတယ္။ Teaser မွာ ျမင္ေတြ႕ရတဲ့ပုံအရ Galaxy M10s ဟာ M10 ကို ဆက္ခံတဲ့ မ်ိဳးဆက္ပီပီ Infinity V မ်က္ႏွာျပင္နဲ႔ပဲျဖစ္တာကို ေတြ႕ရပါတယ္။

ယုံၾကည္စိတ္ခ်ရတဲ့ အတြင္းသတင္းေတြအရဆိုရင္ေတာ့ Galaxy M10s ရဲ႕ မ်က္ႏွာျပင္ဟာ 6.4-inch အ႐ြယ္အစားျဖစ္ၿပီး 720x1560px Super AMOLED အမ်ိဳးအစားျဖစ္မယ္လို႔ သိရပါတယ္။ ေက်ာဘက္မွာ ကင္မရာႏွစ္လုံး ပါဝင္လာမွာျဖစ္ၿပီး အဓိကကင္မရာက 13MP f/1.9 ျဖစ္သလို ဒုတိယကင္မရာအျဖစ္ 5MP f/2.2 ultrawide ကင္မရာကို တြဲဖက္ေပးထားမယ္လို႔ ဆိုပါတယ္။

အေရွ႕ဘက္ Infinity Notch ထဲက Selfie ကင္မရာကေတာ 8MP f/2.0 ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဘက္ထရီကိုေတာ့ 4,000mAh ပမာဏတပ္ဆင္ေပးထားတာလည္း ျဖစ္ပါတယ္။ အေစာပိုင္းက Geekbench မွာေတြ႕ရတဲ့အတိုင္းဆိုရင္ Galaxy M10s ဟာ Exynos 7885 Octa-core SoC ကို အသုံးျပဳထားၿပီး 3GB of RAM နဲ႔ တြဲဖက္ေပးထားမွာ ျဖစ္ပါတယ္။

သိုေလွာင္မႈကေတာ့ 32GB ျဖစ္ၿပီး microUSB ေနရာမွာ USB-C အစားထိုးတပ္ဆင္ေပးထားဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚထားပါတယ္။ တရားဝင္ Teaser လည္းထြက္ထားၿပီးျဖစ္တာေၾကာင့္ ျဖန႔္ခ်ိမယ့္ရက္က သိပ္မလိုေတာ့ဘူးလို႔ ယူဆရပါတယ္။ ေဈးႏႈန္းကေတာ့ INR 10,000 ေအာက္ ( ၂သိန္း ၁ေသာင္းခြဲဝန္းက်င္ေအာက္) ျဖစ္ဖြယ္ရွိပါတယ္။

Ref: GSM Arena

[Unicode]

ငွေကျပ် ၂သိန်းဝန်းကျင် ကျသင့်နိုင်တဲ့ Samsung Galaxy M10s ရဲ့ Specs အချို့ ပေါက်ကြားလာ

Samsung ဟာ Galaxy M series ထဲမှာနောက်ထပ် မိသားစုဝင်သစ်အဖြစ် Galaxy M10s ကို အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Galaxy M10s ဟာ အားလုံးသိထားတဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖြန့်ချိခဲ့တဲ့ Galaxy M10 ကို အဆင့်မြှင့််တင်ထားတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

Galaxy M 10s ရဲ့ Teaser တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ထွက်ပေါ်နေခဲ့ပြီ ဖြစ်ပေမယ့် Specs တွေကတော့ အခုမှ ထပ်မံပေါက်ကြားလာတာ ဖြစ်ပါတယ်။ Teaser မှာ မြင်တွေ့ရတဲ့ပုံအရ Galaxy M10s ဟာ M10 ကို ဆက်ခံတဲ့ မျိုးဆက်ပီပီ Infinity V မျက်နှာပြင်နဲ့ပဲဖြစ်တာကို တွေ့ရပါတယ်။

ယုံကြည်စိတ်ချရတဲ့ အတွင်းသတင်းတွေအရဆိုရင်တော့ Galaxy M10s ရဲ့ မျက်နှာပြင်ဟာ 6.4-inch အရွယ်အစားဖြစ်ပြီး 720x1560px Super AMOLED အမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်လုံး ပါဝင်လာမှာဖြစ်ပြီး အဓိကကင်မရာက 13MP f/1.9 ဖြစ်သလို ဒုတိယကင်မရာအဖြစ် 5MP f/2.2 ultrawide ကင်မရာကို တွဲဖက်ပေးထားမယ်လို့ ဆိုပါတယ်။

အရှေ့ဘက် Infinity Notch ထဲက Selfie ကင်မရာကတော 8MP f/2.0 ဖြစ်တယ်လို့လည်း သိရပါတယ်။ ဘက်ထရီကိုတော့ 4,000mAh ပမာဏတပ်ဆင်ပေးထားတာလည်း ဖြစ်ပါတယ်။ အစောပိုင်းက Geekbench မှာတွေ့ရတဲ့အတိုင်းဆိုရင် Galaxy M10s ဟာ Exynos 7885 Octa-core SoC ကို အသုံးပြုထားပြီး 3GB of RAM နဲ့ တွဲဖက်ပေးထားမှာ ဖြစ်ပါတယ်။

သိုလှောင်မှုကတော့ 32GB ဖြစ်ပြီး microUSB နေရာမှာ USB-C အစားထိုးတပ်ဆင်ပေးထားဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ တရားဝင် Teaser လည်းထွက်ထားပြီးဖြစ်တာကြောင့် ဖြန့်ချိမယ့်ရက်က သိပ်မလိုတော့ဘူးလို့ ယူဆရပါတယ်။ ဈေးနှုန်းကတော့ INR 10,000 အောက် ( ၂သိန်း ၁သောင်းခွဲဝန်းကျင်အောက်) ဖြစ်ဖွယ်ရှိပါတယ်။

Ref: GSM Arena