Samsung က M Series စမတ်ဖုန်း အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ Galaxy M11 လည်း ပါပါတယ်။ Galaxy M11 ဟာ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ သတင်းတွေ အခုနောက်ပိုင်းမှာ မကြာခဏ ထွက်ပေါ်နေပါတယ်။

အခုလည်း Google Play Console မှာ Galaxy M11 ကို တွေ့လာရပြီး မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံကိုလည်း ဖော်ပြထားပြီး ဒီဇိုင်းကို သေသေချာချာ လေ့လာလို့ရလာပါပြီ။ Specs တချို့ကိုလည်း ပြသထားပြီး Galaxy M11 မှာ 720x1560p Resolution ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာပါ။ ဓါတ်ပုံမှာ Punch-hole ဆဲလ်ဖီး ကင်မရာ ၁ လုံးကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်မှာ ထည့်သွင်းထားတာ မြင်ရပါတယ်။

Galaxy M11 မှာ Snapdragon 450 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM ပါလာမှာပါ။ Android 10 အခြေပြု Samsung One UI 2.0 ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို WiFi Alliance မှာလည်း ဇန်နဝါရီလက မှတ်ပုံတင်ထားပြီး 2.4 GHz WiFi Band ထောက်ပံ့ထားမယ်လို့ ဖော်ပြထားပါတယ်။ အရင် သတင်းတွေအရ အပြာ၊ အနက်နဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena