Samsung Galaxy M12 ကို FCC မှာ ပြီးခဲ့တဲ့ ၁ ပတ်က မှတ်ပုံတင်ထားပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-M127F/DS ဖြစ်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။

Samsung Galaxy M12 bags NBTC certification

NBTC မှာ Galaxy M12 ရဲ့ Specs အသေးစိတ်ကို မဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Geekbench မှာ Exynos 850 SoC ပါမယ်လို့ ဖော်ပြထားပါတယ်။ Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ   Android 11 OS ပါမယ်လို့ သိရပြီး စမ်းသပ်ချက်မှာ 3GB RAM ပါလာမယ်လို့ ဖော်ပြထားပေမယ့် နောက်ထပ် RAM Version တွေလည်း ထွက်လာနိုင်ပါတယ်။

Leaked render of Samsung Galaxy M12

Galaxy M12 မှာ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာမှာ ဖြစ်တဲ့အတွက် ၁ ခါ အားအပြည့်သွင်းထားရင် ၃ ရက်လောက် ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင်က ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ ဓါတ်ပုံတွေအရ Galaxy M12 မှာ အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာဖြစ်ပါတယ်။

Galaxy M12 မှာ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး အောက်ခြေမှာ USB-C Port နဲ့ 3.5mm Headphone Jack တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena