Samsung က Galaxy M Series ဖုန်း အသစ် ၂ လုံးကို အိန္ဒိယနိုင်ငံမှာ ကြေညာလိုက်ပြီး Galaxy M13 4G နဲ့ Galaxy M13 5G လို့ နာမည်ပေးထားပါတယ်။ မေလက ကြေညာခဲ့တဲ့ Galaxy M13 4G နဲ့ မတူညီဘဲ Galaxy M13 4G အသစ်မှာ အနောက်ကင်မရာတွေကို ဆန်းသစ်ထားပြီး ပိုမို ကြီးမားတဲ့ 6,000mAh ဘက်ထရီ ထည့်ထားပါတယ်။ ကျန်တဲ့ Specs တွေက နိုင်ငံတကာ Galaxy M13 4G နဲ့ တူညီပြီး ၆.၆ လက်မ FHD+ LCD မျက်နှာပြင်၊ Exynos 850 Chipset ၊ 50MP Main + 5MP Ultrawide + 2MP Depth ကင်မရာတွေ ပါလာပါတယ်။

Galaxy M13 5G မှာ ၆.၅ လက်မ LCD 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 50MP Main + 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ MediaTek Dimensity 700 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ တွဲဖက်ထားကာ 128GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပြီး 15W Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ Android 12 အခြေပြု Samsung One UI Core 4 မောင်းနှင်ထားပါတယ်။

Galaxy M13 အသစ်တွေအတွက် Midnight Blue , Stardust Brown နဲ့ Aqua Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Galaxy M13 4G ရဲ့ တန်ဖိုးအနည်းဆုံး 4/64GB Version ကို ၁၅၀ ဒေါ်လာနဲ့ M13 5G ရဲ့ 4/64GB Version ကို ၁၇၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၇၀,၀၀၀ နဲ့ ၃၂၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

ဒီလ ၂၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံက Samsung.com နဲ့ မြေပြင်စတိုးတွေကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena