Samsung Galaxy M13 5G ရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေ Bluetooth SIG ကနေ ပေါက်ကြားပြီးနောက်မှာ အဲဒီ စမတ်ဖုန်းရဲ့ တရားဝင် Support Page ကို Samsung Ireland Website နဲ့ UK Page မှာ လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy M13 5G support page

အဲဒီ Website တွေမှာ ဖုန်းရဲ့ သတင်းအချက်အလက် တစ်ခုမှကို မဖော်ပြထားပေမယ့် မော်ဒယ်နံပါတ်က SM-M135F/DSN ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ Samsung က တရားဝင် Support Page ကို လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် တရားဝင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Samsung Galaxy M13 5GSamsung Galaxy M13 5G

လက်ရှိအချိန်မှာ Samsung Galaxy M13 5G ရဲ့ Specifications တွေကို မသိရသေးပါဘူး။ Bluetooth SIG Certification အရ အဲဒီ စမတ်ဖုန်းမှာ Bluetooth 5.0 ဆက်သွယ်မှု ပါလာမယ်လို့ သိရပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ Samsung Galaxy M13 5G ရဲ့ အနောက်ဘက်မှာ အပေါက် ၃ ပေါက်ပါလာပြီး အရွယ်ကြီး ၂ ပေါက်က ကင်မရာအတွက် ဖြစ်ကာ အရွယ်သေး ၁ ပေါက်က Flash အတွက် ဖြစ်နိုင်ပါတယ်။

ဘယ်ဘက်ခြမ်းမှာ SIM Card Slot ၊  ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ တည်ရှိပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားနိုင်ပါတယ်။ အောက်ခြေမှာ USB-C Port နဲ့ စပီကာတွေ တပ်ဆင်ထားပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားနိုင်ပါတယ်။

Ref : gsmarena