Samsung ဟာ အရင်နှစ် ဖေဖော်ဝါရီလမှာ Galaxy M12 ကို ကြေညာခဲ့ပြီး Galaxy M13 5G ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ လက စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ Samsung က အဲဒီ စမတ်ဖုန်း အကြောင်း ဘာမှ မပြောသေးပေမယ့် Production Unit ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာကာ ဒီဇိုင်းကို လေ့လာလို့ ရလာပါတယ်။

Samsung Galaxy M13 5G's design revealed through leaked images - GSMArena.com news

Samsung Galaxy M13 5G ရဲ့ အနောက်ဘက်မှာ အပေါက် ၃ ပေါက်ပါလာပြီး အရွယ်ကြီး ၂ ပေါက်က ကင်မရာအတွက် ဖြစ်ကာ အရွယ်သေး ၁ ပေါက်က Flash အတွက် ဖြစ်နိုင်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက Galaxy M12 ရဲ့ အိန္ဒိယနဲ့ နိုင်ငံတကာ မော်ဒယ်တွေမှာ ကင်မရာ ၄ လုံး ထည့်သွင်းထားတာပါ။

Samsung Galaxy M13 5G's design revealed through leaked images - GSMArena.com news

Galaxy M12 လိုပဲ M13 5G ရဲ့ ဘယ်ဘက်ခြမ်းမှာ SIM Card Slot ၊  ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ တည်ရှိပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားနိုင်ပါတယ်။

Samsung Galaxy M13 5G's design revealed through leaked images

Galaxy M13 5G ရဲ့ အောက်ခြေမှာ USB-C Port နဲ့ စပီကာတွေ တပ်ဆင်ထားပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားနိုင်ပါတယ်။ ဓါတ်ပုံအရ M13 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-M135F ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena