Samsung ဟာ ပြီးခဲ့တဲ့ လက Exynos 850 ပါတဲ့ Galaxy M13 4G ကို ကြေညာခဲ့ပြီး အခုတော့ Dimensity 700 SoC ပါတဲ့ 5G Version ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

Samsung Galaxy M13 4G

Galaxy M13 5G မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆက ၂၆၉ ရှိမယ်လို့ သတင်းထွက်လာပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး 15W Charging ထောက်ပံ့ထားမှာပါ။

Samsung to release Galaxy M13 5G smartphone with Dimensity 700 chip

M13 5G အတွက် 4GB/64GB နဲ့ 6GB/128GB Memory Option ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး RAM Plus လုပ်ဆောင်ချက်ကနေ Virtual RAM ကို ထပ်တိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် 1TB microSD Card စိုက်နိုင်မှာ ဖြစ်ပါတယ်။

M13 5G မှာ 5MP အရှေ့ ကင်မရာ ၁ လုံးနဲ့ 50MP Main + 2MP အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အပြာ၊ အညိုနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားမှာပါ။

Samsung ကတော့ Galaxy M13 5G အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် Samsung ဟာ အိန္ဒိယမှာ 5G မော်ဒယ်ကို 4G မော်ဒယ်နဲ့အတူ မကြာခင် ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena