[Zawgyi]

Samsung ရဲ႕ Entry Level စမတ္ဖုန္းစီးရီးသစ္ထဲက Galaxy M20 အေၾကာင္းေပါက္ၾကားမႈေတြက ခပ္စိတ္စိတ္ ျဖစ္လာပါၿပီ။ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလဆန္းတုန္းက မ်က္ႏွာျပင္အေၾကာင္း ေပါက္ၾကားခဲ့ၿပီး ဒီဇင္ဘာ တတိယပတ္ေလာက္မွာေတာ့ ဘက္ထရီနဲ႔ပတ္သက္တဲ့ ေကာလာဟလ ထြက္လာခဲ့ပါတယ္။

ပထမတစ္ႀကိမ္ေပါက္ၾကားခဲ့တုန္းက Galaxy M20 ရဲ႕ မ်က္ႏွာျပင္ကို ေသခ်ာေတြ႕ျမင္ခဲ့ၾကရပါတယ္။ Infinity – V notch နဲ႔မ်က္ႏွာျပင္ဟာ အခုေတာ့ အနီးကပ္ျမင္ေတြ႕ရၿပီျဖစ္ပါတယ္။ ထိပ္ပိုင္း Bezel ကေတာ့ ေတာ္ေတာ္ေလးကို က်ဥ္းေျမာင္းေနတာကိုလည္း ေတြ႕ျမင္ရမွာပါ။ ေျပျပစ္တဲ့ V ပုံသ႑ာန္ Notch ထဲက ကင္မရာကေတာ့ ထင္ထားတာထက္ ပိုေသးတယ္လို႔ ဆိုရမလိုပါပဲ။

ေအာက္ေျခကေတာ့ Galaxy Note9 နဲ႔ဆင္တူမယ္လို႔ ေကာလာဟလ ထြက္ခဲ့ပါေသးတယ္။ ဒီေကာလာဟလအတိုင္းသာဆိုရင္ေတာ့ Mid-ranger ဖုန္းတစ္လုံးအတြက္ အေတာ္ေလးကို ေကာင္းမြန္တဲ့တည္ေဆာက္မႈ ဒီဇိုင္းလို႔ မွတ္ခ်က္ေပးရမွာပါ။ သိပ္မၾကာခင္မွာပဲ တရားဝင္ေၾကညာခ်က္ေတြ ထြက္ေပၚလာမယ္ဆိုေပမယ့္ ခန႔္မွန္းခ်က္ေတြ၊ ေကာလာဟလေတြကလည္း အေတာ္ေလးကို စိတ္ဝင္စားစရာပါ။

ကင္မရာအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ Notch ထဲက Selfie ကင္မရာဟာ 8MP လို႔ဆိုပါတယ္။ ဒီပမာဏက ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလကတည္းက ထြက္ေပၚထားတဲ့ ေကာလာဟလနဲ႔ အတူတူပဲျဖစ္ပါတယ္။ အေနာက္ဘက္ ကင္မရာေတြကလည္း (13MP + 5MP) ႏွစ္လုံးဆိုတဲ့ အခ်က္အလက္က မေျပာင္းလဲသြားေသးပါဘူး။ ကင္မရာေတြက ေနာက္ဘက္ေက်ာျပင္ ဘယ္ဘက္ျခမ္းမွာ အေပၚကေနေအာက္ကို တန္းလ်က္ရွိမယ္လို႔ ဆိုပါတယ္။ ကင္မရာႏွစ္လုံးေအာက္မွာမွ LED flash တပ္ဆင္ထားမယ့္ပုံစံပါ။

ေနာက္ဆုံးထြက္ေပၚထားတဲ့ ေကာလာဟလအရဆိုရင္ေတာ့ Galaxy M20 ရဲ႕ မ်က္ႏွာျပင္ဟာ 6.13-inch (With FHD+ resolution) ပါ။ Exynos 7904 SoC ကိုမွ 3GB of RAM နဲ႔တြဲဖက္ေပးထားတယ္လို႔ ဆိုပါတယ္။ Storage အတြက္ကေတာ့ 32 နဲ႔ 64GB ဆိုၿပီး ႏွစ္မ်ိဳးေ႐ြးလို႔ရႏိုင္ပါလိမ့္မယ္။ ေအာက္ေျခမွာေတာ့ USB-C port ပါဝင္လာၿပီး 3.5mm hedset jack လည္း ပါဝင္မယ္လို႔သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ သိပ္မၾကာခင္အခ်ိန္အေတာအတြင္း တရားဝင္ထုတ္ျပန္ခ်က္ေတြ ထြက္ေပၚလာေတာ့မွာျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

Infinity – V Notch နဲ့ Samsung Galaxy M20 အနီးကပ်ဓါတ်ပုံ ပေါက်ကြားလာ

Samsung ရဲ့ Entry Level စမတ်ဖုန်းစီးရီးသစ်ထဲက Galaxy M20 အကြောင်းပေါက်ကြားမှုတွေက ခပ်စိတ်စိတ် ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလဆန်းတုန်းက မျက်နှာပြင်အကြောင်း ပေါက်ကြားခဲ့ပြီး ဒီဇင်ဘာ တတိယပတ်လောက်မှာတော့ ဘက်ထရီနဲ့ပတ်သက်တဲ့ ကောလာဟလ ထွက်လာခဲ့ပါတယ်။

ပထမတစ်ကြိမ်ပေါက်ကြားခဲ့တုန်းက Galaxy M20 ရဲ့ မျက်နှာပြင်ကို သေချာတွေ့မြင်ခဲ့ကြရပါတယ်။ Infinity – V notch နဲ့မျက်နှာပြင်ဟာ အခုတော့ အနီးကပ်မြင်တွေ့ရပြီဖြစ်ပါတယ်။ ထိပ်ပိုင်း Bezel ကတော့ တော်တော်လေးကို ကျဉ်းမြောင်းနေတာကိုလည်း တွေ့မြင်ရမှာပါ။ ပြေပြစ်တဲ့ V ပုံသဏ္ဍာန် Notch ထဲက ကင်မရာကတော့ ထင်ထားတာထက် ပိုသေးတယ်လို့ ဆိုရမလိုပါပဲ။

အောက်ခြေကတော့ Galaxy Note9 နဲ့ဆင်တူမယ်လို့ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။ ဒီကောလာဟလအတိုင်းသာဆိုရင်တော့ Mid-ranger ဖုန်းတစ်လုံးအတွက် အတော်လေးကို ကောင်းမွန်တဲ့တည်ဆောက်မှု ဒီဇိုင်းလို့ မှတ်ချက်ပေးရမှာပါ။ သိပ်မကြာခင်မှာပဲ တရားဝင်ကြေညာချက်တွေ ထွက်ပေါ်လာမယ်ဆိုပေမယ့် ခန့်မှန်းချက်တွေ၊ ကောလာဟလတွေကလည်း အတော်လေးကို စိတ်ဝင်စားစရာပါ။

ကင်မရာအကြောင်းပြောမယ်ဆိုရင်တော့ Notch ထဲက Selfie ကင်မရာဟာ 8MP လို့ဆိုပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းက ထွက်ပေါ်ထားတဲ့ ကောလာဟလနဲ့ အတူတူပဲဖြစ်ပါတယ်။ အနောက်ဘက် ကင်မရာတွေကလည်း (13MP + 5MP) နှစ်လုံးဆိုတဲ့ အချက်အလက်က မပြောင်းလဲသွားသေးပါဘူး။ ကင်မရာတွေက နောက်ဘက်ကျောပြင် ဘယ်ဘက်ခြမ်းမှာ အပေါ်ကနေအောက်ကို တန်းလျက်ရှိမယ်လို့ ဆိုပါတယ်။ ကင်မရာနှစ်လုံးအောက်မှာမှ LED flash တပ်ဆင်ထားမယ့်ပုံစံပါ။

နောက်ဆုံးထွက်ပေါ်ထားတဲ့ ကောလာဟလအရဆိုရင်တော့ Galaxy M20 ရဲ့ မျက်နှာပြင်ဟာ 6.13-inch (With FHD+ resolution) ပါ။ Exynos 7904 SoC ကိုမှ 3GB of RAM နဲ့တွဲဖက်ပေးထားတယ်လို့ ဆိုပါတယ်။ Storage အတွက်ကတော့ 32 နဲ့ 64GB ဆိုပြီး နှစ်မျိုးရွေးလို့ရနိုင်ပါလိမ့်မယ်။ အောက်ခြေမှာတော့ USB-C port ပါဝင်လာပြီး 3.5mm hedset jack လည်း ပါဝင်မယ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်အချိန်အတောအတွင်း တရားဝင်ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

Ref: GSMarena