[Zawgyi]

Galaxy M-series ဆိုတာက Samsung ရဲ႕ Entry Level စမတ္ဖုန္းသစ္ စီးရီးျဖစ္ပါတယ္။ ဒီစီးရီးအေၾကာင္း သတင္းထြက္ေနတာလည္း ၾကာပါၿပီ။ ကုမၸဏီက တရားဝင္ မိတ္ဆက္ေပးဖို႔ကလည္း သိပ္မလိုေတာ့ပါဘူး။ တံခါးေပါက္ေတြ အမ်ားႀကီးထပ္ဖြင့္စရာမလိုေတာ့ဘဲ ေနာက္ထပ္တံခါးတစ္ခ်ပ္ေလာက္ပဲ ဖြင့္ရေတာ့မယ့္ အေနအထားပါ။

M20 နဲ႔ပတ္သက္ရင္ေတာ့ ၿပီးခဲ့တဲ့ ေပါက္ၾကားမႈေတြမွာ မ်က္ႏွာျပင္ပိုင္းအေၾကာင္းအေတာ္ေလး ေဖာ္ျပေပးခဲ့ၿပီ ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ အတြင္းအစိတ္အပိုင္းအေၾကာင္းေတြကို ထပ္ၿပီးတူးေဖာ္လို႔ ရလာတာပါ။ M20 ဟာ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးပါမယ္၊ Teardrop Notch နဲ႔ျဖစ္မယ္ဆိုတာေတြအျပင္ ထပ္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတာက 5,000 mAh ဘက္ထရီနဲ႔ ထြက္လာမယ္ဆိုတာပါပဲ။

ဒီေပါက္ၾကားမႈက အမွန္ဆိုရင္ေတာ့ Samsung ရဲ႕ ဘက္ထရီပိုင္းဆိုင္ရာ ေျပာင္းလဲမႈက ႀကီးႀကီးမားမား ျဖစ္သြားတယ္လို႔ ဆိုရမွာပါ။ ဒါတင္မကေသးပါဘူး။ M20 ကို Exynos 7885 SoC သုံးထားမယ္လို႔လည္း သိရပါတယ္။ RAM ကေတာ့ 3GB ပဲေမွ်ာ္လင့္လို႔ ရမွာပါ။ မ်က္ႏွာျပင္အ႐ြယ္အစားက 6.0-inch ျဖစ္ၿပီး LCD ျဖစ္တယ္လို႔ သိရပါတယ္။

ေက်ာဘက္ ကင္မရာႏွစ္လုံးနဲ႔ ပတ္သက္ၿပီး အတည္မျပဳရေသးတဲ့ ေကာလာဟလကေတာ့ အဓိက ကင္မရာဟာ 13MP ျဖစ္ၿပီး ဒုတိယကင္မရာကေတာ့ 5MP ျဖစ္မယ္လို႔ ဆိုပါတယ္။ အေရွ႕က Selfie ကင္မရာကေတာ့ 8MP ျဖစ္တယ္လို႔ ၾကားထားပါတယ္။ ဒီ Galaxy M20 ရဲ႕ ပစ္မွတ္ေဈးကြက္ေတြက UK, Germany, France, Poland နဲ႔Scandinavia တို႔ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GAMarena

[Unicode]

Galaxy M-series ဆိုတာက Samsung ရဲ့ Entry Level စမတ်ဖုန်းသစ် စီးရီးဖြစ်ပါတယ်။ ဒီစီးရီးအကြောင်း သတင်းထွက်နေတာလည်း ကြာပါပြီ။ ကုမ္ပဏီက တရားဝင် မိတ်ဆက်ပေးဖို့ကလည်း သိပ်မလိုတော့ပါဘူး။ တံခါးပေါက်တွေ အများကြီးထပ်ဖွင့်စရာမလိုတော့ဘဲ နောက်ထပ်တံခါးတစ်ချပ်လောက်ပဲ ဖွင့်ရတော့မယ့် အနေအထားပါ။

M20 နဲ့ပတ်သက်ရင်တော့ ပြီးခဲ့တဲ့ ပေါက်ကြားမှုတွေမှာ မျက်နှာပြင်ပိုင်းအကြောင်းအတော်လေး ဖော်ပြပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အတွင်းအစိတ်အပိုင်းအကြောင်းတွေကို ထပ်ပြီးတူးဖော်လို့ ရလာတာပါ။ M20 ဟာ ကျောဘက်မှာ ကင်မရာနှစ်လုံးပါမယ်၊ Teardrop notch နဲ့ဖြစ်မယ်ဆိုတာတွေအပြင် ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းတာက 5,000 mAh ဘက်ထရီနဲ့ ထွက်လာမယ်ဆိုတာပါပဲ။

ဒီပေါက်ကြားမှုက အမှန်ဆိုရင်တော့ Samsung ရဲ့ ဘက်ထရီပိုင်းဆိုင်ရာ ပြောင်းလဲမှုက ကြီးကြီးမားမား ဖြစ်သွားတယ်လို့ ဆိုရမှာပါ။ ဒါတင်မကသေးပါဘူး။ M20 ကို Exynos 7885 SoC သုံးထားမယ်လို့လည်း သိရပါတယ်။ RAM ကတော့ 3GB ပဲမျှော်လင့်လို့ ရမှာပါ။ မျက်နှာပြင်အရွယ်အစားက 6.0-inch ဖြစ်ပြီး LCD ဖြစ်တယ်လို့ သိရပါတယ်။

ကျောဘက် ကင်မရာနှစ်လုံးနဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ ကောလာဟလကတော့ အဓိက ကင်မရာဟာ 13MP ဖြစ်ပြီး ဒုတိယကင်မရာကတော့ 5MP ဖြစ်မယ်လို့ ဆိုပါတယ်။ အရှေ့က Selfie ကင်မရာကတော့ 8MP ဖြစ်တယ်လို့ ကြားထားပါတယ်။ ဒီ Galaxy M20 ရဲ့ ပစ်မှတ်ဈေးကွက်တွေက UK, Germany, France, Poland နဲ့Scandinavia တို့ဖြစ်တယ်လို့ သိရပါတယ်။

Ref: GAMarena