[Zawgyi]

ဇူလိုင္လကုန္ဆုံးကာနီးတုန္းက Samsung ဟာ ဘက္ထရီပမာဏ 6,000 mAh နဲ႔ စမတ္ဖုန္းတစ္လုံးကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနၿပီး ဒီဖုန္းဟာ Galaxy M20s ျဖစ္လိမ့္မယ္လို႔ ေကာလာဟလ သတင္းထြက္ေပၚခဲ့ပါတယ္။ Galaxy M20 ဟာ 5,000 mAh ဘက္ထရီပမာဏနဲ႔ စမတ္ဖုန္းျဖစ္ခဲ့တာေၾကာင့္ ဒီေကာလာဟလက ပိုၿပီးစိတ္ဝင္စားစရာ ျဖစ္ခဲ့တာပါ။

အခုေတာ့ ေမာ္ဒယ္နံပါတ္ SM-M207 နဲ႔ ဟန္းဆက္က ထုတ္ကုန္ကုဒ္နံပါတ္ EB-BM207ABY အမည္ရွိတဲ့ 5,830 mAh ဘက္ထရီကို တပ္ဆင္အသုံးျပဳထားတဲ့အေၾကာင္း သတင္းထြက္ေပၚခဲ့တာက အမွန္ျဖစ္သြားခဲ့ပါၿပီ။ တရားဝင္ ထြက္လာတဲ့ Teaser ေၾကာင့္ Samsung ရဲ႕ Galaxy M မိသားစုဝင္သစ္ဟာ ဒီပမာဏဘက္ထရီကို ပိုင္ဆိုင္ထားေၾကာင္း အတည္ျပဳႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပိုစတာမွာေတာ့ Galaxy M20s လို႔တိုက္႐ိုက္ ေဖာ္ျပထားျခင္းမရွိပါဘူး။ ဒါေပမယ့္ ေျခာက္ေထာင္ ဆိုတဲ့ကိန္းဂဏန္းရဲ႕ေအာက္မွာ အသုံးျပဳထားတဲ့ေဆာင္ပုဒ္က “Get ready to #GoMonster” လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ မၾကာခင္ထြက္ေပၚလာမယ့္ စမတ္ဖုန္းသစ္ရဲ႕ ေၾကာက္ခမန္းလိလိႀကီးမားတဲ့ ဘက္ထရီပမာဏလို႔ ဆိုလိုတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဘက္ထရီပမာဏနဲ႔ပတ္သက္တဲ့ အခ်က္အလက္ကိုပဲ တရားဝင္ ထုတ္ျပသြားတာျဖစ္ၿပီး Galaxy M20s နဲ႔ ပတ္သက္တဲ့ အခ်က္ေတြကိုေတာ့ မသိရေသးဘဲ ျဖစ္ေနပါတယ္။ ဒါေပမယ့္ အစဥ္အလာအရဆိုရင္ေတာ့ Galaxy M20s ေပၚထြက္လာမယ့္အခ်ိန္က သိပ္မေဝးေတာ့ဘူးလို႔ ဆိုရမွာပါ။ ဒါေၾကာင့္ မၾကာခင္ရက္ေတြမွာ ေနာက္ထပ္အခ်က္အလက္ေတြ ထြက္ေပၚလာဦးမယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

6,000 mAh ဘက်ထရီပမာဏနဲ့ စမတ်ဖုန်းအကြောင်း သတင်းအစအနပေးသွားတဲ့ Samsung

ဇူလိုင်လကုန်ဆုံးကာနီးတုန်းက Samsung ဟာ ဘက်ထရီပမာဏ 6,000 mAh နဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး ဒီဖုန်းဟာ Galaxy M20s ဖြစ်လိမ့်မယ်လို့ ကောလာဟလ သတင်းထွက်ပေါ်ခဲ့ပါတယ်။ Galaxy M20 ဟာ 5,000 mAh ဘက်ထရီပမာဏနဲ့ စမတ်ဖုန်းဖြစ်ခဲ့တာကြောင့် ဒီကောလာဟလက ပိုပြီးစိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။

အခုတော့ မော်ဒယ်နံပါတ် SM-M207 နဲ့ ဟန်းဆက်က ထုတ်ကုန်ကုဒ်နံပါတ် EB-BM207ABY အမည်ရှိတဲ့ 5,830 mAh ဘက်ထရီကို တပ်ဆင်အသုံးပြုထားတဲ့အကြောင်း သတင်းထွက်ပေါ်ခဲ့တာက အမှန်ဖြစ်သွားခဲ့ပါပြီ။ တရားဝင် ထွက်လာတဲ့ Teaser ကြောင့် Samsung ရဲ့ Galaxy M မိသားစုဝင်သစ်ဟာ ဒီပမာဏဘက်ထရီကို ပိုင်ဆိုင်ထားကြောင်း အတည်ပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပိုစတာမှာတော့ Galaxy M20s လို့တိုက်ရိုက် ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ခြောက်ထောင် ဆိုတဲ့ကိန်းဂဏန်းရဲ့အောက်မှာ အသုံးပြုထားတဲ့ဆောင်ပုဒ်က “Get ready to #GoMonster” လို့ ဖော်ပြထားပါတယ်။ ဒါဟာ မကြာခင်ထွက်ပေါ်လာမယ့် စမတ်ဖုန်းသစ်ရဲ့ ကြောက်ခမန်းလိလိကြီးမားတဲ့ ဘက်ထရီပမာဏလို့ ဆိုလိုတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘက်ထရီပမာဏနဲ့ပတ်သက်တဲ့ အချက်အလက်ကိုပဲ တရားဝင် ထုတ်ပြသွားတာဖြစ်ပြီး Galaxy M20s နဲ့ ပတ်သက်တဲ့ အချက်တွေကိုတော့ မသိရသေးဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် အစဉ်အလာအရဆိုရင်တော့ Galaxy M20s ပေါ်ထွက်လာမယ့်အချိန်က သိပ်မဝေးတော့ဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် မကြာခင်ရက်တွေမှာ နောက်ထပ်အချက်အလက်တွေ ထွက်ပေါ်လာဦးမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena