Samsung ဟာ အရင်နှစ် မတ်လမှာ Galaxy M21 ကို ကြေညာခဲ့ပြီး အခုတော့ ၂၀၂၁ မော်ဒယ်ကို ချပြလိုက်ပါတယ်။ Samsung Galaxy M21 2021 Edition လို့ နာမည်ပေးထားပြီး အရင်နှစ် မော်ဒယ်ထက် တိုးတက်မှုများစွာ မပါလာပါဘူး။

Samsung Galaxy M21 2021 Edition announced with 48MP triple camera and 6,000 mAh battery

အနောက်ဘက် ကာဗာ ဒီဇိုင်းကို အနည်းငယ်ပြောင်းလဲထားပြီး ပင်မ ကင်မရာ အနေနဲ့ Samsung 48MP GM2 Sensor ကိုပြောင်းလဲ အသုံးပြုထားပါတယ်။ Android 11 အခြေပြု One UI 3.1 Core OS မောင်းနှင်ထားပြီး အဲဒါဟာ One UI 3.1 ကို အနည်းငယ် အဆင့်နှိမ့်ထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။

Samsung Galaxy M21 2021 Edition announced with 48MP triple camera and 6,000 mAh battery

တခြား Specs တွေက တူညီကြပြီး Samsung Galaxy M21 2021 Edition မှာ Exynos 9611 SoC ၊ ၆.၄ လက်မ FullHD+ Super AMOLED မျက်နှာပြင်၊ အရွယ်ကြီး 6,000mAh ဘက်ထရီ၊ 15W Charging နဲ့ အနောက်ဘက် လက်ဗွေရာ ကိရိယာတွေ ပါလာပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 20MP ကို သုံးထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Samsung Galaxy M21 2021 Edition အတွက် Charcoal Black နဲ့ Arctic Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ RAM/Storage အပိုင်းမှာ မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး 4GB/64GB နဲ့ 6GB/128GB တို့ ဖြစ်ပါတယ်။ ၁၇၀ ဒေါ်လာနဲ့ ၁၉၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး လက်ရှိ ငွေလဲလှယ် နှုန်းထားအရ မြန်မာငွေ ၂ သိန်း ၈ သောင်းနဲ့ ၃ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena