Samsung က Galaxy M21 ကို ကြေညာလိုက်ပြီ ဖြစ်ပြီး Amazon India ကနေ တနင်္လာနေ့မှာ ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ အခုတော့ Samsung Germany Website မှာ လျှို့ဝှက်အမည် SM-M215F/DSN ပေးထားတဲ့ Device ၁ ခုရဲ့ Support Page ၁ ခုကို လွှင့်တင်ထားပြီး အဲဒီ Device ဟာ Galaxy M21 ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် Samsung Galaxy M21 ကို ဥရောပမှာလည်း ရောင်းချနိုင်ပါတယ်။

Samsung က Galaxy M Series တွေကို အိန္ဒိယနဲ့ အာရှနိုင်ငံတွေမှာပဲ ရောင်းလေ့ရှိပါတယ်။ အခုလို ဥရောပမှာ ရောင်းမယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ မူဝါဒကို ပြောင်းလဲလိုက်တာ ဖြစ်နိုင်ပါတယ်။ Galaxy M21 ကို မကြာခင် ဥရောပမှာ ရောင်းချနိုင်ပါတယ်။

Galaxy M21 ဟာ Galaxy M31 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး ကင်မရာ ၁ လုံး လျော့နည်းသွားပါတယ်။ မျက်နှာပြင် အရွယ်အစားနဲ့ ဘက်ထရီ ပမာဏတို့လို တခြား Specs တွေက တူညီကြပြီး ၆.၄ လက်မ Full HD+ နဲ့ 15W Fast Charging ထောက်ပံ့ထားတဲ့ 6,000mAh ဘက်ထရီတွေ ပါလာပါတယ်။ Galaxy M21 ကို ဂျာမနီမှာ ၁၈၉ ယူရိုနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gsmarena