Samsung ကနေ Galaxy M31 စမတ်ဖုန်းကို ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် M Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy M21 ဖုန်းကို ထပ်ပြီးမိတ်ဆက်လိုက်ပါပြီ။

အခု Galaxy M21 ဖုန်းဟာ M31 နဲ့ယှဥ်ရင် အဓိကကွာခြားချက်ကတော့ Camera ပိုင်းပဲဖြစ်ပြီး 64MP Quad Camera Setup အစား 48MP Triple Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Primary 48MP ၊ Ultrawide 8MP နဲ့ Depth 5MP Sensor တွေပါဝင်မှာပါ။ Selfie Camera အနေနဲ့လည်း 20MP ပဲပြောင်းလဲတပ်ဆင်ထားတယ်လို့သိရပါတယ်။

Performance ပိုင်းတော့ Exynos 9611 Processor ကို RAM 4GB ၊ Storage 64GB နဲ့ RAM 6GB ၊ Storage 128GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ MicroSD Card ကနေ 512GB အထိ ထပ်တိုးနိုင်သလို Android 10 ကို အခြေခံထားတဲ့ OneUI 2.0 ကိုလည်း အသုံးပြုထားပါတယ်။ Display ပိုင်းအနေနဲ့ကတော့ 6.4″ FullHD+ sAMOLED Display ကို တပ်ဆင်ပေးထားပါတယ်။

Galaxy M21 ရဲ့ အားသာချက်ကတော့ Battery ပိုင်းပဲဖြစ်ပြီး 6000mAh Battery ပါဝင်တဲ့အပြင် 15W USB-C Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုမျိုး 6000mAh Battery ပါဝင်နေပေမယ့်လည်း အလေးချိန်က 188g ပဲရှိနေမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Samsung Galaxy M21 ကို RAM 4GB ၊ 64GB Storage Version ကို India Rupees 12,999 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့ 6/128GB Version ကိုတော့ စျေးနှုန်းကြေညာသွားခြင်းမရှိသေးပါဘူး။

Ref – GSM Arena