အိန္ဒိယမှာ Samsung  Galaxy M21 ကို မတ်လ ၁၆ ရက်နေ့မှာ ကြေညာတော့မယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ဒီသတင်းကို အတည်ပြုလိုက်ပါပြီ။ Samsung က Amazon.in မှာ အဲဒီ စမတ်ဖုန်းရဲ့  စာမျက်နှာ ၁ ခုကို လွှင့်တင်လိုက်ပြီး မတ်လ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။

အဲဒီစာမျက်နှာမှာ Galaxy M21 ရဲ့ Specs တချို့ကို ဖော်ပြထားပြီး 48MP Triple ကင်မရာ၊ 20MP ဆဲလ်ဖီး ကင်မရာနဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။  အရင်ပေါက်ကြားထွက်ခဲ့ဖူးတဲ့ သတင်းအရ Galaxy M21 မှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင်ပါလာမယ်လို့ သိရပါတယ်။  6,000mAh ဘက်ထရီ ပါလာမယ်ဆိုတာလည်း အရင်ထဲက သတင်းထွက်ခဲ့တဲ့အတွက် ဘက်ထရီ သက်တမ်း  အရမ်းလန်းမှာ သေချာပါတယ်။Samsung က Galaxy M21 မှာ သုံးထားမယ့် Chipset ကို မပြောသေးပါဘူး။ Geekbench က စာရင်းအရ Galaxy M21 မှာ Samsung Exynos 9611 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Galaxy M21 အတွက် 6GB RAM မော်ဒယ်လည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားမှာသေချာသလောက်ရှိပါတယ်။

Ref : gsmarena