Zawgyi

Samsung ကုမၸဏီဟာ သူတုိ႔ရဲ႕ Mid-range ထုတ္ကုန္လုိင္းကို အခုႏွစ္အတြင္းမွာ ေအာင္ျမင္စြာ ျပန္လည္အသက္သြင္းလာႏုိင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ထိ ဒါကိုဆက္ထိန္းသိမ္းသြားမယ္လို႔ ယူဆရပါတယ္။ အခုတေလာ သူတုိ႔ရဲ႕ Galaxy A စီးရီးဝင္အသစ္ေတြရဲ႕ သတင္းေတြဆက္တုိက္ထြက္လာခဲ့ၿပီးေနာက္ ယခုတဖန္ အလွည့္က်တာေတာ့ Galaxy M စီးရီးလို႔ ယူဆရပါတယ္။

ယေန႔ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြထဲမွာ Galaxy M စီးရီးအတြက္ Galaxy M21, M31, M41 တုိ႔ရဲ႕ အဓိက Specs ေတြ ပါဝင္လာကာ Galaxy M21 မွာေတာ့ Exynos 9609 ခ်စ္ပ္ဆက္ကို 4GB RAM မန္မုိရီနဲ႔ တြဲဖက္လာမယ္လို႔ သိရပါတယ္။ ေနာက္ဘက္မွာေတာ့ 24MP အဓိကကင္မရာကို 5MP Depth Sensor နဲ႔အတူ ေတြ႕ရမွာပါ။

Galaxy M31 မွာေတာ့ Snapdragon 665 ခ်စ္ပ္ကို 6GB RAM နဲ႔တြဲလာမွာျဖစ္ပါတယ္။ သူကေတာ့ Triple-camera အတြဲတစ္ခုကို ျမင္ရဖို႔ရွိၿပီး 48MP အဓိက Lens ကို 12MP Ultra-wide နဲ႔ 5MP Depth Sensor မ်ားနဲ႔ တြဲလာမွာပါ။

ေနာက္ဆုံး Galaxy M41 မွာေတာ့ Exynos 9630 ခ်စ္ပ္ဆက္ကို 6GB RAM မန္မုိရီနဲ႔ ေတြ႕ရႏုိင္ပါတယ္။ ဒီခ်စ္ပ္ဆက္ဟာ Midrange တန္း Exynos 9610 ရဲ႕ ဆက္ခံသူမ်ဳိးဆက္သစ္ျဖစ္ၿပီး အနာဂါတ္မွာ Galaxy A စီးရီး ဖုန္းေတြမွာလည္း ေတြ႕ရမွာပါ။ ကင္မရာပုိင္းမွာေတာ့ 64MP ကင္မရာႀကီး ပါလာမယ္လို႔ ဆုိထားၿပီး ISOCELL Bright GW1 Sensor အသစ္ျဖစ္မယ္လို႔ ယူဆရတယ္။

သတင္းေတြကေတာ့ အစထြက္လာၿပီမုိ႔ Galaxy M စီးရီးရဲ႕ အဖြဲ႕ဝင္သစ္ေတြ ဘယ္လိုစိတ္ဝင္စားစရာ ထြက္ေပၚလာမလဲ ဆုိတာကို လာမယ့္လပုိင္းအတြင္းမွာ ထပ္ျမင္ေတြ႕ရဦးမွာပါ။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ သူတို့ရဲ့ Mid-range ထုတ်ကုန်လိုင်းကို အခုနှစ်အတွင်းမှာ အောင်မြင်စွာ ပြန်လည်အသက်သွင်းလာနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်ထိ ဒါကိုဆက်ထိန်းသိမ်းသွားမယ်လို့ ယူဆရပါတယ်။ အခုတလော သူတို့ရဲ့ Galaxy A စီးရီးဝင်အသစ်တွေရဲ့ သတင်းတွေဆက်တိုက်ထွက်လာခဲ့ပြီး ယခုတဖန် အလှည့်ကျတာတော့ Galaxy M စီးရီးလို့ ယူဆရပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ အချက်အလက်တွေထဲမှာ Galaxy M စီးရီးအတွက် Galaxy M21, M31, M41 တို့ရဲ့ အဓိက Specs တွေ ပါဝင်လာကာ Galaxy M21 မှာတော့ Exynos 9609 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့ တွဲဖက်လာမယ်လို့ သိရပါတယ်။ နောက်ဘက်မှာတော့ 24MP အဓိကကင်မရာကို 5MP Depth Sensor နဲ့အတူ တွေ့ရမှာပါ။

Galaxy M31 မှာတော့ Snapdragon 665 ချစ်ပ်ကို 6GB RAM နဲ့တွဲလာမှာဖြစ်ပါတယ်။ သူကတော့ Triple-camera အတွဲတစ်ခုကို မြင်ရဖို့ရှိပြီး 48MP အဓိက Lens ကို 12MP Ultra-wide နဲ့ 5MP Depth Sensor များနဲ့ တွဲလာမှာပါ။

နောက်ဆုံး Galaxy M41 မှာတော့ Exynos 9630 ချစ်ပ်ဆက်ကို 6GB RAM မန်မိုရီနဲ့ တွေ့ရနိုင်ပါတယ်။ ဒီချစ်ပ်ဆက်ဟာ Midrange တန်း Exynos 9610 ရဲ့ ဆက်ခံသူမျိုးဆက်သစ်ဖြစ်ပြီး အနာဂါတ်မှာ Galaxy A စီးရီး ဖုန်းတွေမှာလည်း တွေ့ရမှာပါ။ ကင်မရာပိုင်းမှာတော့ 64MP ကင်မရာကြီး ပါလာမယ်လို့ ဆိုထားပြီး ISOCELL Bright GW1 Sensor အသစ်ဖြစ်မယ်လို့ ယူဆရတယ်။

သတင်းတွေကတော့ အစထွက်လာပြီမို့ Galaxy M စီးရီးရဲ့ အဖွဲ့ဝင်သစ်တွေ ဘယ်လိုစိတ်ဝင်စားစရာ ထွက်ပေါ်လာမလဲ ဆိုတာကို လာမယ့်လပိုင်းအတွင်းမှာ ထပ်မြင်တွေ့ရဦးမှာပါ။

Ref – GSM Arena