အိန္ဒိယမှာ Samsung  Galaxy M21 ကို မတ်လ ၁၆ ရက်နေ့မှာ ကြေညာတော့မယ်လို့ Indo-Asian News Service (IANS) က ပြောပါတယ်။ IANS က စမတ်ဖုန်း လောက ကရတဲ့ သတင်းတွေအရ အခုလို ပြောလိုက်တာပါ။ Galaxy M21 မှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင်နဲ့ အရွယ်အစား အရမ်းကြီးတဲ့ 6,000mAh ဘက်ထရီ ပါလာမယ်လို့ ပြောပါတယ်။ ဘက်ထရီ သက်တမ်း  အရမ်းလန်းမှာ သေချာပါတယ်။ အနောက်ဘက်မှာ 48MP Main ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Geekbench က စာရင်းအရ Galaxy M21 မှာ Samsung Exynos 9611 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားမှာပါ။ Galaxy M21 အတွက် 6GB RAM မော်ဒယ်လည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung က Galaxy M21 ကို မတ်လ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ မပြောသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena