Samsung Galaxy M22 ရဲ့ Support Page တွေကို ကုမ္ပဏီရဲ့ စင်ကာပူနဲ့ မလေးရှား Website တွေမှာ လွှင့်တင်ထားပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ အချိန် နီးသထက် နီးလာပါပြီ။

Singaporean websiteMalaysian website

အဲဒီ Page တွေမှာ Samsung Galaxy M22 ရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားသေးဘဲ မော်ဒယ်နံပါတ်က SM-M225FV/DS လို့ပဲ ကြေညာထားပါတယ်။ DS က Dual-SIM Support ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေအရ Samsung Galaxy M22 ဟာ Galaxy A22 4G ကို အခြေခံကာ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရတဲ့အတွက် ၆.၄ လက်မ HD+ 90Hz Super AMOLED မျက်နှာပြင်၊ 13MP ဆဲလ်ဖီး ကင်မရာပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၄ လုံးက 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်နိုင်ပါတယ်။

Geekbench စာရင်းအရ Samsung Galaxy M22 မှာ Helio G80 SoC ၊ Android 11 နဲ့ 4GB RAM ပါလာမှာ ဖြစ်ပြီး တခြား RAM Option တွေလည်း ထွက်လာနိုင်ပါတယ်။ 4GB RAM မော်ဒယ်မှာ 128GB Storage ထည့်သွင်းထားမယ်လို့ သိရပါတယ်။

မသိသေးတာက Galaxy M22 မှာ 5,000mAh ဘက်ထရီပါလာမလား၊ 6,000mAh ဘက်ထရီ ထည့်ထားမလား ဆိုတာပါ။ FCC စာရင်းအရ 25W Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး ဘူးထဲမှာ 15W Charger ပဲ ပါလာမယ့်အတွက် 25W Charger ကို သီးခြားဝယ်ယူရမှာပါ။

Samsung Galaxy M22 Support Page Allegedly Goes Live in Russia, Launch Could  Be Imminent | Technology News

Galaxy M22 ရဲ့ ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံအရ အရောင် ၃ မျိုး ထွက်လာမှာ ဖြစ်ပြီး ဥရောပမှာ ၂၄၀ ယူရိုနဲ့ ရောင်းချနိုင်ပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၄ သိန်း ၇ သောင်းလောက် တန်ကြေးရှိနိုင်ပါတယ်။

Ref : gsmarena