Galaxy M22 ဟာ Samsung ရဲ့ နောက်ဆုံးထုတ် M Series စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Samsung Germany Website မှာ စာရင်းတင်ထားပြီး 20:9 Aspect မျက်နှာပြင်၊ 48MP ကင်မရာနဲ့ အရွယ်ကြီး ဘက်ထရီတွေက အဲဒီဖုန်းရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Galaxy A22 ကို နာမည်ပြောင်းရောင်းချတာလည်း ဖြစ်ပါတယ်။

Samsung Galaxy M22

Galaxy M22 ရဲ့ အရွယ်အစား အပြည့်အစုံက 159.9 x 7 x 8.4mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။ ၆.၄ လက်မ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution ထောက်ပံ့ထားပါတယ်။ 90Hz Refresh Rate ပါလာပြီး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Samsung Galaxy M22 European pricing leaks - GSMArena.com news

Galaxy M22 မှာ 2GHz Octa-core Helio G80 Chipset မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ထည့်သွင်းထားပါတယ်။ Android 11 အခြေပြု One UI မောင်းနှင်ထားပါတယ်။

Galaxy M22 ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းကို ပြောပါဆိုရင် 5,000mAh ဘက်ထရီကို ချပြရမှာ ဖြစ်ပြီး 25W Fast Charging ထောက်ပံ့ထားပါတယ်။ Dual SIM Support ပါလာပြီး 4G VoLTE, WiFi 5 , Bluetooth 5.0 , NFC , microSD Card Slot , 3.5mm Audio Jack နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina