[Zawgyi]

Samsung Galaxy M10 နဲ႔ M20 စမတ္ဖုန္းေတြကို မိတ္ဆက္ထားတာ အရမ္းႀကီး မၾကာေသးတဲ့အတြက္ ပူပူေႏြးေႏြးပဲ ရွိေသးတယ္လို႔ ေျပာရမွာပါ။ ဒါေပမယ့္ Samsung ကေတာ့ Galaxy M10 နဲ႔ M20 ေမာ္ဒယ္ ၂မ်ိဴးနဲ႔တင္ အားမရဘဲ ေနာင္ေတာ္ႀကီး M30 ကိုပါ ထပ္မံ မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါၿပီ။

Samsung Galaxy M30 နဲ႔ ပတ္သတ္ၿပီး ဒီေန႔ ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ အဆိုပါစမတ္ဖုန္းဟာ အေမရိကန္ႏိုင္ငံမွာ Federal Communications Commission (FCC) ရဲ႕ ခြင့္ျပဳလက္မွတ္ ရရွိသြားၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ Samsung Galaxy M30 ကို မတ္လအေစာပိုင္းမွာ အိႏၵိယႏိုင္ငံမွာပဲ မိတ္ဆက္သြားႏိုင္ၿပီး ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၄,၉၉၀ ႐ူပီး (ျမန္မာေငြ ၃၂၀,၀၀၀ ဝန္းက်င္) က်သင့္မယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Galaxy M30 ဟာ M10 နဲ႔ M20 တို႔လိုမ်ိဴး LCD Display ကို အသုံးျပဳထားမွာ မဟုတ္ဘဲ Super AMOLED Display ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ၆.၃၈လက္မ မ်က္မွာျပင္ အက်ယ္ရွိ Display ကိုအသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1080 x 2220 pixels ရွိႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Galaxy M20 နဲ႔အတူ ပြဲထြက္ခဲ့တဲ့ Exynos 7904 SoC ကိုပဲ အသုံးျပဳထားႏိုင္ပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ၿပီး Memory Storage ကို 64GB ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ RAM 6GB + Storage 128GB ဗားရွင္းကိုလည္း ထုတ္လုပ္လာႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏကေတာ့ Galaxy M20 မွာလိုမ်ိဴး 5000mAh ပါဝင္မွာ ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 13MP Main Camera (f/1.9) + 5MP (f/2.2) Wide-angle Lens + 5MP (f/2.2) Depth Sensor ေတြကို ေပါင္းစပ္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Infinity-V Notch ထဲမွာေတာ့ 16MP (f/2.0) Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။

မတ္လအေစာပိုင္းထဲမွာ အိႏၵိယစမတ္ဖုန္းေစ်းကြက္ထဲကို Samsung က စစ္သူႀကီး Galaxy M30 ကို ေစလႊတ္မွာျဖစ္သလို Xiaomi ကလည္း Redmi Note 7 Pro နဲ႔ ထိုးစစ္ဆင္မွာျဖစ္တာေၾကာင့္ Samsung နဲ႔ Xiaomi ရဲ႕ စမတ္ဖုန္းတိုက္ပြဲႀကီးက ေတာ္ေတာ္ေလး ျပင္းထန္မယ့္ အေနအထားပါ။

Ref : Gizmochina

[Unicode]

မြန်မာငွေ ၃သိန်းကျော် လောက်သာ ကျသင့်နိုင်တဲ့ Galaxy M30 ကို မတ်လအစောပိုင်းမှာ မြင်တွေ့ရလတ္တံ့

Samsung Galaxy M10 နဲ့ M20 စမတ်ဖုန်းတွေကို မိတ်ဆက်ထားတာ အရမ်းကြီး မကြာသေးတဲ့အတွက် ပူပူနွေးနွေးပဲ ရှိသေးတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် Samsung ကတော့ Galaxy M10 နဲ့ M20 မော်ဒယ် ၂မျိူးနဲ့တင် အားမရဘဲ နောင်တော်ကြီး M30 ကိုပါ ထပ်မံ မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။

Samsung Galaxy M30 နဲ့ ပတ်သတ်ပြီး ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင် အဆိုပါစမတ်ဖုန်းဟာ အမေရိကန်နိုင်ငံမှာ Federal Communications Commission (FCC) ရဲ့ ခွင့်ပြုလက်မှတ် ရရှိသွားပြီလို့ သိရပါတယ်။ ဒါ့အပြင် Samsung Galaxy M30 ကို မတ်လအစောပိုင်းမှာ အိန္ဒိယနိုင်ငံမှာပဲ မိတ်ဆက်သွားနိုင်ပြီး စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၄,၉၉၀ ရူပီး (မြန်မာငွေ ၃၂၀,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Galaxy M30 ဟာ M10 နဲ့ M20 တို့လိုမျိူး LCD Display ကို အသုံးပြုထားမှာ မဟုတ်ဘဲ Super AMOLED Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ၆.၃၈လက်မ မျက်မှာပြင် အကျယ်ရှိ Display ကိုအသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2220 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Galaxy M20 နဲ့အတူ ပွဲထွက်ခဲ့တဲ့ Exynos 7904 SoC ကိုပဲ အသုံးပြုထားနိုင်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ပြီး Memory Storage ကို 64GB ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် RAM 6GB + Storage 128GB ဗားရှင်းကိုလည်း ထုတ်လုပ်လာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကတော့ Galaxy M20 မှာလိုမျိူး 5000mAh ပါဝင်မှာ ဖြစ်ပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 13MP Main Camera (f/1.9) + 5MP (f/2.2) Wide-angle Lens + 5MP (f/2.2) Depth Sensor တွေကို ပေါင်းစပ်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Infinity-V Notch ထဲမှာတော့ 16MP (f/2.0) Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

မတ်လအစောပိုင်းထဲမှာ အိန္ဒိယစမတ်ဖုန်းစျေးကွက်ထဲကို Samsung က စစ်သူကြီး Galaxy M30 ကို စေလွှတ်မှာဖြစ်သလို Xiaomi ကလည်း Redmi Note 7 Pro နဲ့ ထိုးစစ်ဆင်မှာဖြစ်တာကြောင့် Samsung နဲ့ Xiaomi ရဲ့ စမတ်ဖုန်းတိုက်ပွဲကြီးက တော်တော်လေး ပြင်းထန်မယ့် အနေအထားပါ။

Ref : Gizmochina