Zawgyi

Samsung ရဲ႕မ်ဳိးဆက္သစ္ Galaxy M စီးရီးလုိင္းဟာ မိတ္ဆက္ၿပီး တစ္လေတာင္ မျပည့္ခင္ အိႏၵိယေစ်းကြက္အတြင္း ယူနစ္ ၂ သန္းေရာင္းခ်ႏုိင္ခဲ့တဲ့အထိ လူႀကိဳက္မ်ားခဲ့ပါတယ္။ စတင္မိတ္ဆက္တည္းက ဖုန္းေလးမ်ဳိး မိတ္ဆက္ခဲ့ေပမယ့္ အခု Geekbench မွာထပ္ေတြ႕ရတဲ့ပုံအရေတာ့ ပဥၥမေျမာက္ Galaxy M ဖုန္းဟာ လက္ရွိ Galaxy M30 ကို အနည္းငယ္အဆင့္ျမွင့္ၿပီး ေစ်းကြက္ထဲ ေရာက္လာဦးမယ့္ပုံပါပဲ။

ကုဒ္နံပါတ္ SM-M307F လုိ႔အမည္ေပးထားတဲ့ ဟန္းဆက္ဟာ Geekbench ရဲ႕စမ္းသပ္ခ်က္မွာေတာ့ Single-core အတြက္ 1,680 နဲ႔ Multi-core စမ္းသပ္မႈအတြက္ 5,211 ရရွိခဲ့ပါတယ္။ ေဖာ္ျပထားတဲ့စာရင္းထဲမွာ ဒီဖုန္းဟာ Exynos 9610 ခ်စ္ပ္ဆက္နဲ႔ 4GB RAM မန္မုိရီကို တြဲဖက္ထားကာ Android 9 Pie နဲ႔ အသုံးျပဳရမွာ ျဖစ္ပါတယ္။

ဒီ Specs ေတြကေတာ့ Exynos 7885 အသုံးျပဳထားတဲ့ လက္ရွိ Galaxy M30 ထက္ ေျခတစ္လွမ္းစာျမင့္ေနတာပါ။ ဒါ့အျပင္ ေရွ႕နဲ႔ေနာက္ကင္မရာေတြကိုလည္း ျမွင့္တင္ထားမွာျဖစ္ၿပီး ဘကၳရီကေတာ့ 5,000 mAh အတုိင္း ျပန္လည္ပါဝင္မွာျဖစ္ပါတယ္။

ေလာေလာဆယ္ Galaxy M30s လို႔ပဲ မွတ္သားထားတဲ့ ဒီဖုန္းဟာ မၾကာမီ အခ်ိန္တုိအတြင္း တရားဝင္နာမည္နဲ႔ ထြက္ရွိရက္၊ ေစ်းႏႈန္းစတာေတြကို ျမင္ေတြ႕ရမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

Unicode

Samsung ရဲ့မျိုးဆက်သစ် Galaxy M စီးရီးလိုင်းဟာ မိတ်ဆက်ပြီး တစ်လတောင် မပြည့်ခင် အိန္ဒိယဈေးကွက်အတွင်း ယူနစ် ၂ သန်းရောင်းချနိုင်ခဲ့တဲ့အထိ လူကြိုက်များခဲ့ပါတယ်။ စတင်မိတ်ဆက်တည်းက ဖုန်းလေးမျိုး မိတ်ဆက်ခဲ့ပေမယ့် အခု Geekbench မှာထပ်တွေ့ရတဲ့ပုံအရတော့ ပဉ္စမမြောက် Galaxy M ဖုန်းဟာ လက်ရှိ Galaxy M30 ကို အနည်းငယ်အဆင့်မြှင့်ပြီး ဈေးကွက်ထဲ ရောက်လာဦးမယ့်ပုံပါပဲ။

ကုဒ်နံပါတ် SM-M307F လို့အမည်ပေးထားတဲ့ ဟန်းဆက်ဟာ Geekbench ရဲ့စမ်းသပ်ချက်မှာတော့ Single-core အတွက် 1,680 နဲ့ Multi-core စမ်းသပ်မှုအတွက် 5,211 ရရှိခဲ့ပါတယ်။ ဖော်ပြထားတဲ့စာရင်းထဲမှာ ဒီဖုန်းဟာ Exynos 9610 ချစ်ပ်ဆက်နဲ့ 4GB RAM မန်မိုရီကို တွဲဖက်ထားကာ Android 9 Pie နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒီ Specs တွေကတော့ Exynos 7885 အသုံးပြုထားတဲ့ လက်ရှိ Galaxy M30 ထက် ခြေတစ်လှမ်းစာမြင့်နေတာပါ။ ဒါ့အပြင် ရှေ့နဲ့နောက်ကင်မရာတွေကိုလည်း မြှင့်တင်ထားမှာဖြစ်ပြီး ဘက္ထရီကတော့ 5,000 mAh အတိုင်း ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။

လောလောဆယ် Galaxy M30s လို့ပဲ မှတ်သားထားတဲ့ ဒီဖုန်းဟာ မကြာမီ အချိန်တိုအတွင်း တရားဝင်နာမည်နဲ့ ထွက်ရှိရက်၊ ဈေးနှုန်းစတာတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena