Zawgyi

အခုရက္ပိုင္းအတြင္းမွာ Samsung Galaxy M30s ဟန္းဆက္အသစ္အတြက္ Leak ေတြ ဟိုတစ္စဒီတစ္စ ထြက္ေနခဲ့ၿပီး ယေန႔မွာေတာ့ ဒီစမတ္ဖုန္းအသစ္ကို ျမင္ရမယ့္ေန႔စြဲအား သိရပါၿပီ။ စက္တင္ဘာ ၁၈ ရက္ေန႔မွ စတင္ၿပီး Galaxy M30s ကို Amazon India ဝက္ဆိုက္မွာ သီးသန္႔အေနျဖင့္ ပြဲဦးထြက္လာမွာျဖစ္ကာ သူ႕ရဲ႕ အဓိကဆြဲေဆာင္ခ်က္တစ္ခုက 6,000 mAh ဘကၳရီႀကီးပဲျဖစ္ပါတယ္။

ေရွ႕ရက္ေတြမွာထြက္ခဲ့တဲ့ သတင္းေတြအရ Galaxy M30s မွာ 6.4” လက္မအရြယ္ Super AMOLED Display တစ္ခုပါမယ္ဆုိတာ သိထားၿပီးသားပါ။ မန္မုိရီကေတာ့ 4GB RAM နဲ႔ 128GB Storage တုိ႔ အသီးသီး ျဖစ္ပါတယ္။

Geekbench ေပၚမွာ စမ္းသပ္ခဲ့တာကိုၾကည့္ရင္ အတြင္းပိုင္းမွာ Exynos 9610 ခ်စ္ပ္ကို အသုံးျပဳထားတယ္လို႔ ဆုိေပမယ့္ ေနာက္သတင္းတစ္ခုကေတာ့ 9610 အစား အသစ္စက္စက္ Exynos 9611 ကို ျမင္ရမွာလုိ႔ ေျပာေနပါတယ္။

ေနာက္ဘက္မွာေတာ့ ကင္မရာမ်ားမ်ားပါတဲ့ အခုေခတ္ေရစီးေၾကာင္းအတုိင္း 48MP Sensor ဦးေဆာင္တဲ့ Triple-camera ကိုေတြ႕ရမွာျဖစ္ၿပီး က်န္တဲ့ကင္မရာႏွစ္လုံးကိုေတာ့ မသိရေသးပါဘူး။ ဆယ္လ္ဖီကင္မရာ အေၾကာင္းကိုလည္း မသိရေသးဘဲ ေဆာ့ဖ္ဝဲပုိင္းမွာ Android Pie အေျခခံထားတဲ့ OneUI ကိုပဲ အသုံးျပဳရမွာပါ။

အိႏၵိယေစ်းကြက္ကို အရင္ဝင္ေရာက္လာမယ့္ Samsung Galaxy M30s ဖုန္းဟာ ထြက္ရွိခ်ိန္မွာ ေဒၚလာ ၂၁၀ (ျမန္မာေငြ သုံးသိန္းႏွစ္ေသာင္းခန္႔) ကေန ေဒၚလာ ၂၈၀ (ျမန္မာေငြ ေလးသိန္းႏွစ္ေသာင္း) ၾကားေလာက္ သတ္မွတ္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ဟုတ္မဟုတ္ကိုေတာ့ လာမယ့္ စက္တင္ဘာ ၁၈ ရက္ေန႔မွာ ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

အခုရက်ပိုင်းအတွင်းမှာ Samsung Galaxy M30s ဟန်းဆက်အသစ်အတွက် Leak တွေ ဟိုတစ်စဒီတစ်စ ထွက်နေခဲ့ပြီး ယနေ့မှာတော့ ဒီစမတ်ဖုန်းအသစ်ကို မြင်ရမယ့်နေ့စွဲအား သိရပါပြီ။ စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး Galaxy M30s ကို Amazon India ဝက်ဆိုက်မှာ သီးသန့်အနေဖြင့် ပွဲဦးထွက်လာမှာဖြစ်ကာ သူ့ရဲ့ အဓိကဆွဲဆောင်ချက်တစ်ခုက 6,000 mAh ဘက္ထရီကြီးပဲဖြစ်ပါတယ်။

ရှေ့ရက်တွေမှာထွက်ခဲ့တဲ့ သတင်းတွေအရ Galaxy M30s မှာ 6.4” လက်မအရွယ် Super AMOLED Display တစ်ခုပါမယ်ဆိုတာ သိထားပြီးသားပါ။ မန်မိုရီကတော့ 4GB RAM နဲ့ 128GB Storage တို့ အသီးသီး ဖြစ်ပါတယ်။

Geekbench ပေါ်မှာ စမ်းသပ်ခဲ့တာကိုကြည့်ရင် အတွင်းပိုင်းမှာ Exynos 9610 ချစ်ပ်ကို အသုံးပြုထားတယ်လို့ ဆိုပေမယ့် နောက်သတင်းတစ်ခုကတော့ 9610 အစား အသစ်စက်စက် Exynos 9611 ကို မြင်ရမှာလို့ ပြောနေပါတယ်။

နောက်ဘက်မှာတော့ ကင်မရာများများပါတဲ့ အခုခေတ်ရေစီးကြောင်းအတိုင်း 48MP Sensor ဦးဆောင်တဲ့ Triple-camera ကိုတွေ့ရမှာဖြစ်ပြီး ကျန်တဲ့ကင်မရာနှစ်လုံးကိုတော့ မသိရသေးပါဘူး။ ဆယ်လ်ဖီကင်မရာ အကြောင်းကိုလည်း မသိရသေးဘဲ ဆော့ဖ်ဝဲပိုင်းမှာ Android Pie အခြေခံထားတဲ့ OneUI ကိုပဲ အသုံးပြုရမှာပါ။

အိန္ဒိယဈေးကွက်ကို အရင်ဝင်ရောက်လာမယ့် Samsung Galaxy M30s ဖုန်းဟာ ထွက်ရှိချိန်မှာ ဒေါ်လာ ၂၁၀ (မြန်မာငွေ သုံးသိန်းနှစ်သောင်းခန့်) ကနေ ဒေါ်လာ ၂၈၀ (မြန်မာငွေ လေးသိန်းနှစ်သောင်း) ကြားလောက် သတ်မှတ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဟုတ်မဟုတ်ကိုတော့ လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့မှာ စောင့်ကြည့်ရမှာပါ။

Ref – GSM Arena