[Zawgyi]

Samsung Galaxy M30s အေၾကာင္းသတင္းေတြကေတာ့ လြန္ခဲ့တဲ့ ဇြန္လေႏွာင္းပိုင္းေလာက္ကတည္းက ထြက္ခဲ့တာပါ။ အဲဒီတုန္းကေတာ့ Galaxy M30s နဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို Geekbench မွာ ေတြ႕ခဲ့ၾကရတာပါ။ ၾကားကာလမွ Galaxy M30s အေၾကာင္းက ၿငိမ္သက္သြားၿပီး အခု ၾသဂုတ္လ ေႏွာင္းပိုင္းမွာမွ တစ္ခါျပန္ၿပီး သက္ဝင္လႈပ္ရွားလာတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ေလးငါးရက္ေလာက္ကေတာ့ Galaxy M30s ရဲ႕ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ ဒီဇိုင္းကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ Render ပုံရိပ္ေတြနဲ႔အတူ ကင္မရာပိုင္းဟာ အေတာ္ေလးကို ေကာင္းမြန္လာတယ္လို႔လည္း သတင္းေတြ ထြက္ေပၚလာပါတယ္။ အခုလည္း Android Enterprise Listing မွာ Galaxy M30s ရဲ႕ Spec ေတြကို ေတြ႕ျမင္ရျပန္ၿပီ ျဖစ္ပါတယ္။

Galaxy M30s ဟာ 6.4-inch မ်က္ႏွာျပင္နဲ႔ျဖစ္တာကို အတည္ျပဳႏိုင္ခဲ့ပါၿပီ။ မ်က္ႏွာျပင္အရည္အေသြးကေတာ့ 1080p resolution နဲ႔ ျဖစ္ဖြယ္ရွိပါတယ္။ Android Pie ေမာင္ႏွင္ထားၿပီး 4GB of RAM ျဖစ္တာကိုလည္း ထပ္မံအတည္ျပဳႏိုင္ခဲ့ပါၿပီ။ သိုေလွာင္မႈပမာဏကေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ႏွစ္မ်ိဳးရွိမွာ ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာသုံးလုံးတပ္ဆင္ထားပုံကေတာ့ Render ေတြမွာ ျမင္ေတြ႕ရၿပီးသား ျဖစ္မွာပါ။ အလားတူပဲ ေက်ာဘက္ကိုယ္ထည္က Fingerprint ကိုလည္း ေတြ႕ျမင္ခဲ့ၾကမွာပါ။ Android Enterprise မွာလည္း Fingerprint ေထာက္ပံ့ေပးထားေၾကာင္းေဖာ္ျပထားပါတယ္။ ဒါေပမယ့္ NFC ေထာက္ပံ့မႈေတာ့ မပါဝင္တာကို ေတြ႕ျမင္ရပါတယ္။

Geekbench ရဲ႕ေဖာ္ျပခ်က္အတိုင္းသာျဖစ္မယ္ဆိုရင္ေတာ့ Galaxy M30s ဟာ Exynos 9610 Chipset နဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာဘက္ကင္မရာသုံးလုံးမွာ အဓိက ကင္မရာဟာ 48MP ျဖစ္တယ္လို႔ သတင္းထြက္ေပၚထားပါတယ္။ က်န္တဲ့ကင္မရာႏွစ္လုံးကေတာ့ Ultra-wide နဲ႔ Depth Sensor ေတြပဲ ျဖစ္မယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

Android Enterprise မှာလည်း မြင်တွေ့လာရပြီဖြစ်တဲ့ Samsung Galaxy M30s

Samsung Galaxy M30s အကြောင်းသတင်းတွေကတော့ လွန်ခဲ့တဲ့ ဇွန်လနှောင်းပိုင်းလောက်ကတည်းက ထွက်ခဲ့တာပါ။ အဲဒီတုန်းကတော့ Galaxy M30s နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို Geekbench မှာ တွေ့ခဲ့ကြရတာပါ။ ကြားကာလမှ Galaxy M30s အကြောင်းက ငြိမ်သက်သွားပြီး အခု သြဂုတ်လ နှောင်းပိုင်းမှာမှ တစ်ခါပြန်ပြီး သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လေးငါးရက်လောက်ကတော့ Galaxy M30s ရဲ့ ကျောဘက်ကင်မရာသုံးလုံးနဲ့ ဒီဇိုင်းကို တွေ့မြင်ခဲ့ကြရပါတယ်။ Render ပုံရိပ်တွေနဲ့အတူ ကင်မရာပိုင်းဟာ အတော်လေးကို ကောင်းမွန်လာတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အခုလည်း Android Enterprise Listing မှာ Galaxy M30s ရဲ့ Spec တွေကို တွေ့မြင်ရပြန်ပြီ ဖြစ်ပါတယ်။

Galaxy M30s ဟာ 6.4-inch မျက်နှာပြင်နဲ့ဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါပြီ။ မျက်နှာပြင်အရည်အသွေးကတော့ 1080p resolution နဲ့ ဖြစ်ဖွယ်ရှိပါတယ်။ Android Pie မောင်နှင်ထားပြီး 4GB of RAM ဖြစ်တာကိုလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပါပြီ။ သိုလှောင်မှုပမာဏကတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးတပ်ဆင်ထားပုံကတော့ Render တွေမှာ မြင်တွေ့ရပြီးသား ဖြစ်မှာပါ။ အလားတူပဲ ကျောဘက်ကိုယ်ထည်က Fingerprint ကိုလည်း တွေ့မြင်ခဲ့ကြမှာပါ။ Android Enterprise မှာလည်း Fingerprint ထောက်ပံ့ပေးထားကြောင်းဖော်ပြထားပါတယ်။ ဒါပေမယ့် NFC ထောက်ပံ့မှုတော့ မပါဝင်တာကို တွေ့မြင်ရပါတယ်။

Geekbench ရဲ့ဖော်ပြချက်အတိုင်းသာဖြစ်မယ်ဆိုရင်တော့ Galaxy M30s ဟာ Exynos 9610 Chipset နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာသုံးလုံးမှာ အဓိက ကင်မရာဟာ 48MP ဖြစ်တယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ကျန်တဲ့ကင်မရာနှစ်လုံးကတော့ Ultra-wide နဲ့ Depth Sensor တွေပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။

Ref: GSM Arena