လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက Amazon.in ကတစ်ဆင့် Samsung Galaxy M31 Prime Edition ရဲ့ Spec တွေနဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ ပထမတစ်ကြိမ်တုန်းက သိဖို့ကျန်ခဲ့တဲ့ ဈေးနှုန်းကို e-commerce ကုမ္ပဏီကြီးက ဖော်ပြပေးလိုက်ပြီ ဖြစ်ပါတယ်။

Samsung Galaxy M31 Prime Edition ကို 6GB/64GB အမျိုးအစားနဲ့ 6GB/128GB အမျိုးအစားဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။ အခြေခံမော်ဒယ်ရဲ့ ဈေးနှုန်းကတော့ INR16,499 (၂ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ ဒါပေမယ့် 6GB/128GB ရဲ့ ဈေးနှုန်းကိုတော့ အခုထိ မသိရသေးပါဘူး။ INR1,000 ကနေ 1,500 (၁သောင်း ၇ ထောင်ကနေ ၂ သောင်း ၆ ထောင်ဝန်းကျင်)ကြား ပိုပေးရမယ်လို့ ခန့်မှန်းရပါတယ်။

Galaxy M31 Prime Edition ကို “Mega Entertainer” အနေနဲ့ ရောင်းချတာဖြစ်ပြီး Amazon ကတစ်ဆင့်ပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟန်းဆက်ဝယ်ယူသူတွေကတော့ Amazon Prime Membership subscription သုံးလစာကို အခမဲ့ ရရှိကြမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်ကို ဘယ်အချိန်မှာရောင်းချမယ်ဆိုတဲ့အကြောင်းကိုတော့ Samsung ကလည်း တရားဝင်ကြေညာခြင်းမရှိသေးသလို၊ Amazon ကလည်း ဖော်ပြထားခြင်း မရှိသေးပါဘူး။

Samsung Galaxy M31 Prime Edition ဟာ 64MP အဓိကကင်မရာ + 8MP (ultrawide) + 5MP (macro) + 5MP (depth) ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားပါတယ်။ Selfie ကင်မရာကတော့ 32MP ဖြစ်ပြီး 4K ဗီဒီယိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Exynos 9611 SoC ကို အသုံးပြုထားပြီး 6,000mAh ဘက်ထရီ၊ USB-C နဲ့ 15W အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါတယ်။

Ref: GSM Arena