Geekbench မှာ မကြေညာရသေးတဲ့ Samsung စမတ်ဖုန်း အသစ် ၁ လုံးကို တွေ့လာရပါတယ်။ Samsung Galaxy M31s ဖြစ်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်က SM-M317F ဖြစ်ပြီး နာမည်အတိုင်းပဲ အဲဒီ စမတ်ဖုန်းဟာ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ Galaxy M31 ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

Samsung Galaxy M31s ဟာ Geekbench ရဲ့ Single Core စမ်းသပ်မှုမှာ ၃၄၇ မှတ်နဲ့ Multi Core စမ်းသပ်မှုမှာ ၁,၂၅၆ မှတ်ရထားပါတယ်။ Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Exynos 9611 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM ပါလာမှာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားပြီး One UI အုပ်ထားမယ်လို့ ထင်ပါတယ်။

Samsung Galaxy M31 မှာ အရွယ်အစား ကြီးမားတဲ့ 6,000mAh ဘက်ထရီ ထည့်သွင်းထားတဲ့အတွက် M31s မှာလည်း အလားတူ ဘက်ထရီ ပါလာနိုင်ပါတယ်။ Samsung က Galaxy M31s အကြောင်းကို ဘာမှ မပြောသေးပါဘူး။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခင်မှာ ပိုပြီး ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena