Samsung ကနေ Mid Range Series စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy M Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy M32 ကို Indian စျေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy M32 စမတ်ဖုန်းဟာ Design ပိုင်းမှာတော့ သိသိသာသာထူးခြားမှုမရှိပေမယ့် Display နဲ့ Battery ပိုင်းမှာတော့ အားသာနေပါတယ်။

ဘာကြောင့်လဲဆိုရင် Display ကို 6.4″ AMOLED Display ကိုမှ 90Hz Support ပေးထားတာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ Full HD+ ဖြစ်ပြီး Brightness အနေနဲ့ 800Nits အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ MediaTek ရဲ့ Helio G80 Chipset ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 4GB/64GB သို့မဟုတ် 6GB/128GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide နဲ့ 2MP Macro ၊ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို တပ်ဆင်ပေးထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 20MP Sensor ကို Waterdrop Notch Design နဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Design ပိုင်းကိုတော့ Polycarbonate Body ကိုပဲ အသုံးပြုထားပြီး Power Button မှာ Fingerprint Button ကိုပါ ထည့်သွင်းထားပါတယ်။ Battery အနေနဲ့ကတော့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး အမြင့်ဆုံး 25W Fast Charging အထိ Support ပေးနိုင်မယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 4GB/64GB Version ကို INR 14,999 (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်)၊ RAM 6GB/128GB Version ကို INR 16,999 (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena