Samsung Galaxy M32 ကို အိန္ဒိယမှာ ဒီလ ၂၁ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီဖုန်းရဲ့ Unboxing ဗီဒီယို ထွက်ပေါ်လာပါတယ်။ ဘူးထဲမှာ 15W Charger နဲ့ USB A-to-C Cable ပါလာတာတွေ့ရပါတယ်။

ဗီဒီယိုမှာ ဘူးထဲ ပါလာတာတွေအပြင် ဖုန်း အလုပ်လုပ်ပုံကိုလည်း ပြသထားပြီး One UI ထည့်သွင်းထားတာ မြင်ရပါတယ်။ Google Play Console က သတင်းအချက်အလက်တွေအရ အဲဒီဖုန်းမှာ MediaTek MT6769T Chipset မောင်းနှင်ထားပြီး ဒါဟာ Helio G80 ဖြစ်နိုင်ပါတယ်။ အရင်သတင်းတွေအရ အဲဒီဖုန်းမှာ G85 ပါလာမယ်လို့လည်း သိရပါတယ်။ GPU Clock Speed က 950MHz ဖြစ်တဲ့အတွက် ဒါဟာ G80 ပဲ ဖြစ်နိုင်ပါတယ်။ 6GB RAM ထည့်သွင်းထားတယ်လို့ ဖော်ပြထားပြီး 4GB RAM Version လည်း ပါလာနိုင်ပါတယ်။

အရင်သတင်းတွေအရ M32 မှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz, 1080p+ Resolution ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultra Wide , 5MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။ 64/128GB Storage ပါလာမှာ ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။ M3x Series ရဲ့ အဓိက အစိတ်အပိုင်းက ကြီးမားတဲ့ ဘက်ထရီ ဖြစ်ပြီး M32 မှာ 6,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။

Galaxy M32 ကို အိန္ဒိယမှာ ရူပီး ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ အကြား ရောင်းချနိုင်ပြီး ၃ သိန်း ၄ သောင်းနဲ့ ၄ သိန်းခွဲအကြားလောက် ကျသင့်မှာပါ။

Ref : gsmarena