Samsung Galaxy M32 ကို အိန္ဒိယမှာ ဒီလ ၂၁ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်ပြီး အမေဇုန်ကနေ ရောင်းချမှာပါ။ အဲဒီမှာ အဓိက Specs တချို့ကို ဖော်ပြထားတာတွေ့ရပါတယ်။ အခုတော့ Specs အပြည့်အစုံနဲ့ ဈေးနှုန်း ပေါက်ကြားလာပါတယ်။

Galaxy M32 မှာ ၆.၄ လက်မ sAMOLED မျက်နှာပြင်နဲ့ FHD+ Resolution ပါလာမှာ သိပြီးသား ဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ အရွယ်သေး Notch ထည့်သွင်းထားမှာ ဖြစ်ပြီး Samsung ဟာ မျက်နှာပြင်ကို ကာကွယ်ဖို့ Corning Gorilla Glass 5 ကို သုံးထားမှာပါ။

အိန္ဒိယက Leaker တစ်ယောက် ဖြစ်တဲ့ Yogesh က အဲဒီ ဖုန်းမှာ MediaTek Helio G85 Processor မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်မယ်လို့ ပြောပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP နဲ့ 2MP ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ အရင်မျိုးဆက် M31 ရဲ့  64MP + 8MP + 5MP + 5MP ကင်မရာ အတွဲအစပ်ထက် အနည်းငယ်အားနည်းသွားတာတွေ့ရပါတယ်။ M32 မှာ Android 11 မောင်းနှင်ထားနိုင်ပါတယ်။

M31 ရဲ့ 32MP အရှေ့ ကင်မရာအစား M32 မှာ 20MP ကင်မရာနဲ့ အစားထိုးထားမှာပါ။ ဘက်ထရီက အမိုက်စား 6,000mAh ထည့်ထားတာက M31 နဲ့ တူညီပါတယ်။ 15W Fast Charging ပဲ ပါလာတာက သိပ်မမိုက်ပါဘူး။ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းကို ပြောရရင် ရူပီး ၁၅,၀၀၀ အောက်နဲ့ ရောင်းမှာ ဖြစ်ပြီး ၃ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။

Ref : gizmochina