Samsung Galaxy M33 5G ရဲ့ သတင်းအချက်အလက်တွေ စတင် ပေါက်ကြားလာတဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အဲဒီ ဖုန်းရဲ့ ဘက်ထရီအကြောင်း မကြာခင်က ပေါက်ကြားခဲ့ပြီး အခုတော့ Geekbench ကို ရောက်လာပါပြီ။

Samsung Galaxy M33 5G

Geekbench v5 အရ Samsung Galaxy M33 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-M336BU ဖြစ်ပါတယ်။ Single-core စမ်းသပ်ချက်မှာ ၇၂၆ မှတ်ရထားပြီး Multi-core စမ်းသပ်ချက်မှာ ၁၈၃၀ မှတ်ရထားပါတယ်။ 5G ဆက်သွယ်မှု ပါတဲ့ Exynos 1200 SoC Octa-core Chipset ကို စမ်းသပ်ထားတာ ဖြစ်ပြီး Core ၆ ခုဟာ 2.00GHz Clock Speed နဲ့ ကျန်တဲ့ Core ၂ ခုဟာ 2.40GHz Clock Speed ရှိပါတယ်။

Samsung Galaxy M33 5G Specifications Tipped by Geekbench Listing, May Come  With Exynos 1200 - R6Nationals

Samsung Galaxy M33  5G မှာ 6GB RAM နဲ့ Android 12 အခြေပြု One UI ပါလာမှာ ဖြစ်ပြီး Geekbench မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် မကြာခင်က အဲဒီ စမတ်ဖုန်းကို Safety Korea မှာ မှတ်ပုံတင်ထားပြီး 5,830mAh ဘက်ထရီ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကြားနေတဲ့သတင်းတွေအရ Samsung Galaxy M33 5G မှာ ၆.၅ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်သေး Notch ပါလာမှာပါ။ Full HD+ Resolution ထောက်ပံ့ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 8MP , 5MP နဲ့ 2MP ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပြီး Galaxy M33 5G ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မှာပါ။

Ref : Gizmochina