စွဲမက်ဖွယ်ဒီဇိုင်း၊ အဆင့်မြှင့်တင်ထားသော ကျောဖက်ကင်မရာ ၄ လုံး၊ ကြီးမားကျယ်ပြန့်သော ၆.၆” FHD+ Infinity-V မျက်နှာပြင်နှင့် ကြာရှည်ခံ 5,000 mAh ဘက်ထရီပါရှိသည့် တန်ဖိုးသင့် စမတ်ဖုန်း

Samsung Myanmar သည် အဆင့်မြင့် နည်းပညာသစ်များနှင့် ဖန်တီးတည်ဆောက်ထားသည့် ၎င်းတို့၏ နောက်ဆုံးပေါ် တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစားသစ် Galaxy M33 အား မြန်မာနိုင်ငံတွင် ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ သင့်တင့်မျှတသော ဈေးနှုန်းနှင့် premium အဆင့်ရှိ သုံးစွဲမှု အတွေ့အကြုံများအား ရရှိစေမည့် Galaxy M33 စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့် 5nm processor၊ အခိုက်အတန့်တိုင်းအား ဖမ်းယူရိုက်ကူးနိုင်မည့် ကျောဖက်ကင်မရာ ၄ လုံး၊ နောက်ဆုံးပေါ် စွဲမက်ဖွယ်ဒီဇိုင်းနှင့် ၆.၆” FHD+ Infinity-V မျက်နှာပြင်များ ပါရှိသည့်အတွက် သုံးစွဲသူများအနေနှင့် နေ့စဉ်ဘဝလှုပ်ရှားမှုတိုင်းတွင် အရည်အသွေးမြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

“သုံးစွဲသူတိုင်းအတွက် ဘယ်လိုစမတ်ဖုန်းလုပ်ဆောင်ချက်တွေက အကောင်းဆုံး မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ယူဆောင်ပေးနိုင်မယ်ဆိုတာကို ကျွန်တော်တို့ Samsung အနေနဲ့ စဉ်ဆက်မပြတ် ရှာဖွေဖန်တီးနေပြီး လူတိုင်းရဲ့ နေ့စဉ်နေထိုင်မှုဘဝနဲ့ ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်တွေကို အမြဲတမ်း တီထွင်ထုတ်လုပ် ပေးနေပါတယ်။ အခု မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် Galaxy M Series စမတ်ဖုန်းသစ် Galaxy M33 မှာဆိုရင်လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝနဲ့ ကိုက်ညီမှုအရှိဆုံး အဆင့်မြင့် လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်း ထားတဲ့အပြင် သင့်တင့်တဲ့ နှုန်းထားနဲ့လည်း ရရှိပိုင်ဆိုင်သွားနိုင်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက Samsung ချစ်သူတွေ အနေနဲ့ အကောင်းဆုံး စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံတွေကို ရရှိသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက် က ပြောကြားခဲ့သည်။

5nm processor ထည့်သွင်းထားသည့် Samsung Galaxy M33 စမတ်ဖုန်းအသစ်သည် စွမ်းရည်မြင့် CPU နှင့် GPU တို့အပြင် AI လုပ်ဆောင်ချက်သစ်များ ထောက်ပံ့ထားသောကြောင့် သူမတူကွဲပြားသည့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ခံစားရရှိနိုင်မည်ဖြစ်သည်။ သေးငယ်သောကင်မရာပေါက်အား ၆.၆” FHD+ Infinity-V မျက်နှာပြင်၏ အလယ်ထိပ်၌ ထည့်သွင်းထားသည့်အတွက် သုံးစွဲသူများ အနေနှင့် အဆင့်မြင့်ရုပ်ထွက်အရည်အသွေးရှိ ပုံရိပ်များအား ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ပြည့်တွင် အနှောင့်အယှက် အနည်းပါးဆုံးနှင့် ကြည့်ရှုခံစား သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ၊ ဂိမ်းကစားရာတွင် ဖြစ်စေ ထစ်ငေါ့ခြင်းမရှိဘဲ ချောမွတ်သော မျက်နှာပြင်အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားနိုင်ရန် Galaxy M33 စမတ်ဖုန်းတွင် 120Hz refresh rate ကိုလည်း ထောက်ပံ့ထားသည်။

အလန်းစား ကင်မရာပေါင်းစပ်မှုများနှင့် Galaxy M33 စမတ်ဖုန်းတွင် အဆင့်မြင့်ကျောဖက်ကင်မရာ ၄ လုံး (50MP wide camera + 5MP ultra-wide camera + 2MP macro camera + 2MP bokeh camera) ပါဝင်လာသည့်အတွက် သုံးစွဲသူများအနေနှင့် အသေးစိတ်ကျသည့် ကင်မရာရိုက်ကူးမှု အတွေ့အကြုံများအား ရရှိနိုင်မည်ဖြစ်ကာ အရေးအပါဆုံးသော အခိုက်အတန့်များအား ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် ပုံရိပ်များ၊ ဗီဒီယိုများအဖြစ် ရိုက်ကူးသိမ်းဆည်း နိုင်မည် ဖြစ်သည်။ Galaxy M33 စမတ်ဖုန်းသည် ဈေးနှုန်းအားဖြင့် ချိုသာသော စမတ်ဖုန်းဖြစ်သည့်တိုင် ၎င်းတွင်ပါရှိလာသော ပမာဏကြီးမားသည့် 5,000mAh ဘက်ထရီနှင့် 25W fast charging စနစ်တို့ကြောင့် နာရီဝက်အတွင်း ၅၀% အထိ အားပြည့်သွင်းနိုင်သောကြောင့် သုံးစွဲသူများသည် စိတ်ပူပန်စရာမလိုပဲ ၎င်းတို့၏ နေ့စဉ်လှုပ်ရှား သွားလာမှုများတွင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

မြန်မာငွေကျပ် ၆၉၉,၀၀၀ ဖြင့်‌ မြန်မာနိုင်ငံရှိ မိုဘိုင်းအရောင်းဆိုင်ကြီးများနှင့် Samsung Showroom များတွင် ရောင်းချပေးသွားမည့် Galaxy M33 စမတ်ဖုန်းအား အမြင်သစ်ဆန်းသည့် အရောင်များဖြစ်ကြသော အပြာ၊ အစိမ်း နှင့် အညိုရောင် တို့အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ ဝယ်ယူအားပေးသူများအား 10,000mAh power bank နှင့် earphone များအား (ပစ္စည်းလက်ကျန်ရှိသည်အထိ) လက်ဆောင်ပေးအပ်သွားမည့်အပြင် အထူးအကျိုးခံစားခွင့် အစီအစဉ်အနေနှင့် Samsung Myanmar မှ Kpay Shopper loan (၁၂ လ တိတိ အတိုးမဲ့ အရစ်ချငွေပေးချေမှုစနစ်၊ လက်ငင်းငွေပေးချေမှုမပါ) နှင့် CB Bank loan (၆ လတိတိ အတိုးမဲ့ အရစ်ချငွေပေးချေမှုစနစ်၊ လက်ငင်းငွေပေးချေမှုမပါ) စသည့် သင့်လျော်သည့် အရစ်ကျအစီအစဉ်များလည်း ဖန်တီးဆောင်ရွက်ပေးထားသည်။ သို့သာမက Samsung Care+ အစီအစဉ်တစ်ခုဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအား ဝယ်ယူပြီးသည့်နေ့မှစတင်ကာ ၆လအတွင်း မည်သို့သော အကြောင်းကြောင့် အရှေ့မျက်နှာပြင်ကျကွဲခြင်းအတွက် ၅၀% သက်သာခွင့်အား ခံစားနိုင်မည် ဖြစ်ပါသည်။

Press Release – Samsung