Samsung ကနေ လာမယ့် Galaxy M Series ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy M41 နဲ့ M51 စမတ်ဖုန်းတွေကို Display ပိုင်းမှာ Samsung ရဲ့ OLED Display တွေအစား တရုတ်ကုမ္ပဏီတွေရဲ့ OLED Display တွေနဲ့ထုတ်လုပ်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ တရုတ် OLED Display တွေဟာ အဆင်မပြေခဲ့တဲ့အတွက် Galaxy M41 နဲ့ M51 တို့ကို မိတ်ဆက်ဖို့ကိုပါ ဖျက်သိမ်းလိုက်ပြီဆိုပြီးလည်း သတင်းထွက်ရှိခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါဖျက်သိမ်းလိုက်ပြီဆိုတာက မှားယွင်းတဲ့သတင်းတစ်ခုဖြစ်နိုင်ပြီးတော့၊ ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်နေ့မှာ Galaxy M41 စမတ်ဖုန်းဟာ China 3C Certification ကိုရရှိခဲ့ပြီးပြီဆိုတဲ့ သတင်းကထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy M41 နဲ့ M51 စမတ်ဖုန်းတွေမိတ်ဆက်မယ့်အချိန်က နီးစပ်နေပြီလို့ ပြောရမှာပါ။

Galaxy M41 စမတ်ဖုန်းဟာ Mid Range ဖုန်းတစ်လုံးသာဖြစ်တယ်ဆိုပေမယ့် Battery ပိုင်းမှာ ပမာဏအများဆုံးဖြစ်တဲ့ 6800mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ဒီပမာဏဟာ ပုံမှန် Tablet တွေမှာပဲ တွေ့ရှိရတတ်တဲ့ပမာဏဖြစ်ပြီး ဖုန်းကိုအချိန်အကြာကြီး အားပြန်မသွင်းဘဲအသုံးပြုချင်တဲ့သူတွေအကြိုက်တွေ့စေမှာဖြစ်ပါတယ်။ Design ပိုင်းမှာလည်း Punch-hole Selfie Camera ပါဝင်တဲ့ Display အပြင် Back Camera အနေနဲ့လည်း Triple Camera Setup ကိုအသုံးပြုလာမယ်လို့ သိရပါတယ်။

အဆိုပါ 6800mAh Battery ရဲ့ ဓါတ်ပုံကိုလည်း Safety Korea Website မှာတွေ့ရှိရပြီးတော့ တကယ်လို့သာ Samsung အနေနဲ့ တရုတ် OLED Display တွေရဲ့ပြဿနာကို ဖြေရှင်းနိုင်သွားခဲ့ရင် Battery ပမာဏ များတဲ့ Mid Range ဖုန်းတစ်လုံးကို မကြာခင်မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena