[Zawgyi]

Samsung က တရုတ္ ကုမၸဏီေတြကို ခြဲေပးလိုက္ရတဲ့ ေစ်းကြက္ေ၀စုကို ျပန္လုယူႏုိင္ဖို႔ အိႏၵိယမွာ ဖုန္းေရာင္းအား တက္ေအာင္ ႀကိဳးစားေနပါတယ္။ အဲဒီမွာ Galaxy A-Series နဲ႔ Galaxy M-Series ေတြကို ေရာင္းေပးေနပါတယ္။ အခုေတာ့ Galaxy M40 ရဲ႕ မ်ိဳးဆက္ကို မၾကာခင္ ေၾကညာေတာ့မယ္လို႔ သတင္းထြက္လာၿပီး Galaxy M50 ကို ဒီလ ၁၅ ရက္ေန႔မွာ ျမင္ရႏိုင္ပါတယ္။

အရင္က M-Series ေတြကို အြန္လိုင္းကေနပဲ ေရာင္းေပးခဲ့တာပါ။ M50 ကိုေတာ့ အြန္လိုင္းေရာ Offline စတိုးေတြမွာပါ ေရာင္းေပးမယ္ထင္ပါတယ္။ M50 ရဲ႕ သတင္းအခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ M40 ထက္ေတာ့ ပိုလန္းလာမွာ ေသခ်ာပါတယ္။ M40 ဟာ M-Series ေတြထဲမွာ လက္ရွိ အလန္းဆံုး ျဖစ္ပါတယ္။ ၆.၃ လက္မ Full HD+ Infinity-O Display တပ္ဆင္ထားပါတယ္။

Qualcomm Snapdragon 675 Octa-core Processor ေမာင္းႏွင္ထားၿပီး Adreno 612 GPU , 6GB RAM နဲ႔ 128GB Storage ေတြ ထည့္ထားပါတယ္။ ဆဲလ္ဖီးနဲ႔ ဗီဒီယို ဖုန္း ေခၚဖို႔အတြက္ အေရွ႕ဘက္မွာ 16MP Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ AI Scene Optimizer ပါတဲ့ 32MP Main  , 5MP Secondary Depth Sensor နဲ႔ 8MP Ultra-wide Angle Sensor ေတြ ထည့္သြင္းထားပါတယ္။

4G VoLTE, WiFi , Bluetooth, GPS/ A-GPS နဲ႔ USB Type-C Port ေတြ ပါပါတယ္။ Android 9 Pie အေျချပဳ Samsung One UI နဲ႔ 3,500mAh Battery ပါၿပီး လွ်င္ျမန္စြာ အားသြင္းနည္းပညာ ထည့္ထားပါတယ္။

Ref : gizmochina

[Unicode]

Samsung Galaxy M50 ကို ဒီလ ၁၅ ရက်နေ့မှာ ကြေညာနိုင်

Samsung က တရုတ် ကုမ္ပဏီတွေကို ခွဲပေးလိုက်ရတဲ့ ဈေးကွက်ဝေစုကို ပြန်လုယူနိုင်ဖို့ အိန္ဒိယမှာ ဖုန်းရောင်းအား တက်အောင် ကြိုးစားနေပါတယ်။ အဲဒီမှာ Galaxy A-Series နဲ့ Galaxy M-Series တွေကို ရောင်းပေးနေပါတယ်။ အခုတော့ Galaxy M40 ရဲ့ မျိုးဆက်ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်လာပြီး Galaxy M50 ကို ဒီလ ၁၅ ရက်နေ့မှာ မြင်ရနိုင်ပါတယ်။

အရင်က M-Series တွေကို အွန်လိုင်းကနေပဲ ရောင်းပေးခဲ့တာပါ။ M50 ကိုတော့ အွန်လိုင်းရော Offline စတိုးတွေမှာပါ ရောင်းပေးမယ်ထင်ပါတယ်။ M50 ရဲ့ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ M40 ထက်တော့ ပိုလန်းလာမှာ သေချာပါတယ်။ M40 ဟာ M-Series တွေထဲမှာ လက်ရှိ အလန်းဆုံး ဖြစ်ပါတယ်။ ၆.၃ လက်မ Full HD+ Infinity-O Display တပ်ဆင်ထားပါတယ်။

Qualcomm Snapdragon 675 Octa-core Processor မောင်းနှင်ထားပြီး Adreno 612 GPU , 6GB RAM နဲ့ 128GB Storage တွေ ထည့်ထားပါတယ်။ ဆဲလ်ဖီးနဲ့ ဗီဒီယို ဖုန်း ခေါ်ဖို့အတွက် အရှေ့ဘက်မှာ 16MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ AI Scene Optimizer ပါတဲ့ 32MP Main , 5MP Secondary Depth Sensor နဲ့ 8MP Ultra-wide Angle Sensor တွေ ထည့်သွင်းထားပါတယ်။

4G VoLTE, WiFi , Bluetooth, GPS/ A-GPS နဲ့ USB Type-C Port တွေ ပါပါတယ်။ Android 9 Pie အခြေပြု Samsung One UI နဲ့ 3,500mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းနည်းပညာ ထည့်ထားပါတယ်။

Ref : gizmochina