Samsung ကုမ္ပဏီဟာ သူတို့ရဲ့ Galaxy M စီးရီး အတွက် လက်နက်အသစ် အဖြစ် Galaxy M51 ကို မိတ်ဆက်လာပါတော့မယ်။ ဒီဟန်းဆက်သစ်ကို FCC ပေါ်မှာ တွေ့ခဲ့ရပြီး 25W Fast Charging စနစ်နဲ့ ဖြစ်ပါတယ်။

ဒါဟာ Galaxy M51 ကို ပထမဆုံး မြင်တွေ့ရတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လတုန်းကလည်း Samsung ဟာ Galaxy M40 ရဲ့ ဆက်ခံသူအဖြစ် Galaxy M41 ထုတ်လုပ်မှုကို လက်လျော့လိုက်ပြီး M51 ကိုပဲ အာရုံစိုက်တော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ မော်ဒယ်နံပါတ် SM-M515F အမည်နဲ့ ဖုန်းကို မြင်တွေ့ခဲ့ရပြီး Samsung ဟာ ဒီဖုန်းကို အဆင့်အတန်း တစ်ခုနဲ့ ထုတ်လာမယ်ဆိုတာ သိခွင့်ရခဲ့ပါတယ်။ Galaxy M51 ဖုန်းမှာ Snapdragon 730 ချစ်ပ်ဆက်၊ 8GB RAM နဲ့ Android 10 OS တို့ ပါလာမယ်လို့ ယူဆရတယ်။

ချစ်ပ်ဆက် စွမ်းဆောင်ရည်ပိုင်းမှာ Galaxy A71 နဲ့ မတိမ်းမယိမ်း ဖြစ်လာမယ့် ပုံဖြစ်ပြီး Samsung ဟာ A71 ထက် စျေးပိုချိုရမယ့် ဒီဖုန်းကို ဘယ်နေရာတွေမှာ ပြန်လျော့ချမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – GSMArena