Samsung Galaxy M51 ရဲ့ သတင်းတွေ မတ်လကတည်းကထွက်နေခဲ့တာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို သိခဲ့ရပါတယ်။ အခုတော့ Samsung Russia Website မှာ အဲဒီ ဖုန်းရဲ့ Support Page ကို လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းကို FCC မှာ SM-M515F/DSN မော်ဒယ်နံပါတ်နဲ့ မှတ်ပုံတင်ထားပါတယ်။ M51 မှာ ၆.၅ လက်မ Infinity-O Punch-hole မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်အစား အပြည့်အစုံမှာ 162.6 x 77.5 x 8.5mm ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး 64MP Main , 12MP Ultrawide အပါအဝင် ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။

M51 မှာ ပါမယ့် Chipset သတင်းက အမျိုးမျိုး ထွက်နေပါတယ်။ တချို့က Snapdragon 675 Chipset ပါလာမယ်လို့ ပြောနေကြပေမယ့် တချို့က Snapdragon 730 Chipset သုံးထားမယ်လို့ ဆိုကြပါတယ်။ 8GB RAM , Android 10 နဲ့ 25W Fast Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena