Samsung Galaxy M32 5G ရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ ပိုမို စွမ်းရည်မြင့်တဲ့ မော်ဒယ် ဖြစ်တဲ့ Galaxy M52 5G ရဲ့ Specs အပြည့်အစုံ ထွက်လာပါတယ်။ Leakster ၁ ယောက် ဖြစ်တဲ့ Ishan Agarwal က မျှဝေလိုက်တာ ဖြစ်ပြီး Galaxy M52 5G မှာ Snapdragon 778G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားမှာပါ။

Samsung Galaxy M52 5G entire specs tipped ahead of launch - Gizmochina

Galaxy M52 5G မှာ ၆.၇ လက်မ Super AMOLED HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ညာဘက်အထက်မှာ 32MP Punch Hole ကင်မရာ ပါလာမှာပါ။ Storage က 128GB ဖြစ်ပြီး RAM အပိုင်းမှာ 6GB နဲ့ 8GB ၂ မျိုး ရွေးချယ်နိုင်မှာပါ။

အနောက်ဘက်မှာ 64MP Main , 12MP Ultrawide Angle နဲ့ 5MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး တချို့ ဓါတ်ပုံတွေအရ နောက်ထပ် ကင်မရာ ၁ လုံး ပါလာပြီး 5MP Macro ဖြစ်နိုင်ပါတယ်။

Software အပိုင်း ပြောရရင် Android 11 အခြေပြု One UI 3.1 မောင်းနှင်ထားပြီး Knox 3.7 လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Secure Folder , Quick Switch နဲ့ Content Suggestions တွေ ပါလာပါတယ်။ အရွယ်အစား အပြည့်အစုံက 164 x 75 x 7mm ဖြစ်ပြီး အလေးချိန်က ၁၇၅ ဂရမ် ဖြစ်ပါတယ်။

Ref : gsmarena