Samsung Galaxy M52 5G ကို Bluetooth SIG မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးလာပါပြီ။ Bluetooth SIG Website မှာ Galaxy M52 5G ရဲ့ မော်ဒယ်နံပါတ် ၂ ခုကို ဖော်ပြထားပြီး SM-M526B_DS နဲ့ SM-M526BR_DS တို့ ဖြစ်ကြပါတယ်။ အဲဒီမှာ Galaxy M52 5G အတွက် Bluetooth 5.0 ဆက်သွယ်မှု ထည့်သွင်းပေးထားမယ် ဆိုတာကလွဲပြီး တခြား သတင်းအချက်အလက်တွေကို ဘာမှ မတွေ့ရပါဘူး။ ဒါပေမယ့် အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 778G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB/8GB RAM နဲ့ 128GB Storage ပါလာမယ်လို့ သိရပါတယ်။

Samsung Galaxy M52 5G Bluetooth certified

Software အကြောင်းပြောရရင် Galaxy M52 5G မှာ Android 11 အခြေပြု One UI 3.1 နဲ့ Knox 3.7 Security Suite တွေ ထည့်သွင်းထားနိုင်ပါတယ်။ ၆.၇ လက်မ FullHD+ Super AMOLED မျက်နှာပြင်နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ ဘူးထဲမှာ 15W Charger ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Samsung Galaxy M52 5G goes through 3C certfication, battery capacity  revealed - GSMArena.com news

Galaxy M52 5G မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ 64MP Main, 12MP Ultrawide , 5MP Depth အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။ 5MP Macro ကင်မရာ ၁ လုံး ပါလာမယ်လို့လည်း တချို့ သတင်းတွေက ဆိုကြပါတယ်။

Samsung က Galaxy M52 5G အကြောင်း ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့် အာဏာပိုင် အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။

Ref : gsmarena