Samsung ဟာ 108MP အဓိကကင်မရာနဲ့ 6.7-inch 120Hz Super AMOLED Plus မျက်နှာပြင်တပ်ဆင်ထားတဲ့ Galaxy M53 5G ကို ပွဲထုတ်လာပြီဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ အခုဖော်ပြထားတဲ့ Specs တွေကို ရင်းနှီးနေတယ်ဆိုရင် Galaxy A73 5G နဲ့ တူနေလို့ရင်းနှီးနေတာဖြစ်ပါလိမ့်မယ်။

Galaxy M53 5G ဟာ Galaxy A73 5G ရဲ့ ဘတ်ဂျက်ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ ဒီနှစ်မျိုးမှာ အဓိကကွာခြားချက်က Chipset ပါပဲ။ M53 5G က A-series ဖုန်းတွေရဲ့ Snapdragon 778G အစား Dimensity 900 အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။ (ဖြစ်နိုင်တယ်ဆိုတာက Samsung ဟာ Chipset နဲ့ပတ်သက်ပြီး အသေးစိတ်စာရင်းမသွင်းခဲ့တာကြောင့် အတည်ပြုဖို့လိုအပ်နေပါသေးတယ်)

နှစ်ခုစလုံးက 6nm chip (TSMC) ဖြစ်ပေမဲ့လည်း Snapdragon မှာ ပိုပြီးကောင်းမွန်တဲ့ CPU တည်ဆောက်မှု (4x Cortex-A78 based cores vs. 2x A78) နဲ့ ပိုပြီးအားကောင်းတဲ့ GPU ရှိပါတယ်။ ဒါ့အပြင် RAM ဒါမှမဟုတ် သိုလှောင်မှုအဆင့်မြှင့်တင်တာနဲ့ပတ်သက်ရင်လည်း ရွေးချယ်စရာတွေမပါတဲ့ 6/128GB ဖွဲ့စည်းမှုပုံစံတစ်ခုသာ ပါဝင်တာလည်း တွေ့ရပါတယ်။

ကင်မရာပိုင်းမှာ 108MP အဓိကင်မရာပါဝင်တယ်ဆိုပေမဲ့ Optical Image Stabilization (OIS) ဆုံးရှုံးနေခဲ့ပါတယ်။ Ultra-wide ကင်မရာဟာ (12MP ထက်ပိုနိမ့်တဲ့) 8MP sensor သာဖြစ်ပါတယ်။ ကျန်ယူနစ်နှစ်ခုက 2MP macro နဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ 32MP selfie ကင်မရာကိုပဲ ဆက်လက်ထားရှိတာကို တွေ့ရပါတယ်။

Fingerprint က ဘေးဘောင်မှာဖြစ်ပြီး 5,000mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ 25W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ Dimensity ကြောင့် Wi-Fi 6 အစား Wi-Fi 5 (ac) သာ ရရှိပါလိမ့်မယ်။ အခုအချိန်မှာတော့ Samsung Galaxy M53 5G အတွက် ဈေးနှုန်းသတ်မှတ်ချက်ကို မသိရသေးပါဘူး။

Ref: GSM Arena