Samsung က ပြီးခဲ့တဲ့ တစ်ပတ်မှာ Galaxy A54 ကို ကြေညာပြီးနောက်မှာ အခုတော့ အရှေ့အလယ်ပိုင်းမှာ Galaxy M54 ကို မိတ်ဆက်လိုက်ပါတယ်။ M54 ဟာ A54 ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

Samsung Galaxy M54 silently goes official as an amped up version of the A54  - GSMArena.com news

Galaxy M54 ရဲ့ Specs တွေကို ပြောရရင် 6.7” 1080×2400 120Hz Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး  Exynos 1380 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128/256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 108MP Main , 8MP Ultrawide, 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 25W Wired Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။

Android 13 အခြေပြု One UI 5.1 မောင်းနှင်ထားပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး နက်ပြာရောင်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ M54 ဟာ A54 ထက် မျက်နှာပြင် ပိုကြီးမားပြီး Main ကင်မရာက Resolution ပိုမြင့်ပါတယ်။ Ultrawide နဲ့ Macro ကင်မရာတွေကတော့ Resolution ပိုနည်းသွားပြီး Battery က ၂၀ ရာခိုင်နှုန်း ပိုကြီးသွားပါတယ်။

Samsung က Galaxy M54 ကို တရားဝင် ဝက်ဘ်ဆိုက် ၁ ခုမှာပဲ စာရင်းတင်ထားပြီး ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena