Samsung ရဲ့ M Series တွေဟာ ဈေးနှုန်းချိုသာပြီး အထင်ကြီးစရာ Specs တွေ ပါတဲ့အတွက် ပေးရတဲ့ ဈေးထက်တန်တဲ့ ဖုန်းတွေ အဖြစ် နာမည်ကြီးပါတယ်။ လက်ရှိ M Series ထဲမှာ စွမ်းရည် အမြင့်ဆုံးက ဒီနှစ် ဧပြီလမှာ ကြေညာခဲ့တဲ့ Galaxy M53 ဖြစ်ပါတယ်။

Samsung Galaxy M54

အခုတော့ ကုမ္ပဏီက မျိုးဆက်သစ် Galaxy M54 ကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ ဖုန်းရဲ့ Specs အပြည့်အစုံ ပေါက်ကြားလာပါတယ်။ Galaxy M54 မှာ ၆.၆၇ လက်မ Super AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ ဆဲလ်ဖီးကင်မရာကို မျက်နှာပြင် အလယ်က Punch Hole မှာ တပ်ဆင်ထားမှာပါ။

Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်ထုတ် Chipset ဖြစ်တဲ့အတွက် ဒိတ်အောက်နေပေမယ့် M Series ဖုန်းတွေထဲမှာ စွမ်းရည်အမြင့်ဆုံး Chipset ဖြစ်လာမှာပါ။ အနောက်ဘက်မှာ 64MP Main , 8MP Wide Angle , 5MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး ပါလာမှာပါ။

Samsung Galaxy M54

အနည်းဆုံး 8GB RAM + 128GB Storage နဲ့ ထွက်လာမှာ ဖြစ်ပြီး 256GB Storage Option လည်း ပါလာနိုင်ပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပါတယ်။

Galaxy M54 ကို ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပြီး ၂၀၂၂ ခုနှစ် အကုန် သို့မဟုတ် ၂၀၂၃ ခုနှစ် အစောပိုင်း ဗီယက်နမ်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina